Top News

ပြည်မြို့နယ်၊ သာစည်ဆည်အနီး ရေဆင်းကူးသည့် ကျောင်းသားများအနက် သုံးဦး ရေနစ်ပျောက်ဆုံးနေပြီး ရှာဖွေမှုများ ပြုလုပ်နေ
24htopnews | October 22, 2024 3:13 PM CST

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ သဲကုန်းအုပ်စု၊ ပိန်းတောရွာအနီး၊ သာစည်ဆည် ရေမြောင်းလက်တံအတွင်း ရေဆင်းကူးသည့် ကျောင်းသားများအနက် သုံးဦး ရေနစ်ပျောက်ဆုံးနေပြီး ရှာဖွေမှုများ ပြုလုပ်နေရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားကလေးများမှာ သြဂုတ်လ (၁၈) ရက် ညနေပိုင်းက သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ကအပြန် သာစည်ဆည်တွင် ရေသွားကူးကြရာက လေးဦးမှာ ရေနစ်ခဲ့ပြီး တစ်ဦးကို ကယ်ဆယ်နိုင်လိုက်ကာ သုံးဦးမှာ သြဂုတ်လ (၁၉) ရက်၊ နေ့လည် (၁) နာရီထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

မနေ့က ညနေ ခြောက်နာရီခွဲလောက်က သတင်းရတော့ ကလေးဆယ်တစ်ယောက်က သူငယ်ချင်းမွေးနေ့ကနေ ရေသွားကူးကြတယ်၊ အဲဒီမှာ သုံးယောက်က ရေနစ် ပျောက်ဆုံးနေတယ်။ ညကလည်း ရှာဖွေမှုတွေ လုပ်တယ်။ အခုမနက်မှာလည်း ရှာဖွေမှု လုပ်နေတယ်၊ အခုထိတော့ မတွေ့သေးဘူးပေါ့ ဟု မိုးမေတ္တာ နာရေးကူညီမှုအသင်းမှ ကိုမျိုးညိန်းဇော် ကပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဒသမတန်းနှင့် နဝမတန်း ကျောင်းသား (၁၁) ဦးအနက် မောင်ရန်နိုင်ဘုန်းထက်မှာ ရေနစ်နေသဖြင့် မောင်မျိုးမင်းသူနှင့် မောင်ရဲရင့်သွေးတို့မှာ လိုက်လံ ဆယ်ယူကြစဉ် သုံးဦးစလုံး ရေနောက်မျောပါ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK