AA အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် ဆုထူးစံကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီတို့မှ ဝန်ထမ်းကိုးဦးအား သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သြဂုတ် ၁၈ ရက် နေ့စွဲဖြင့် AA အဖွဲ့က ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားစဉ် ဖမ်းဆီးခဲ့သည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းရှစ်ဦးနှင့် နန်းမှန်သစ္စာကုမ္ပဏီ ဝန်ထမ်းတစ်ဦး စုစုပေါင်း ကိုးဦးအား သြဂုတ်၁၈ ရက် ညနေ ၃ နာရီခွဲ၌ ပလက်ဝမြို့နယ် ရှင်မဒိန်ကျေးရွာအုပ်စု အောက်တလင်းကျေးရွာရှိ ရပ်ဖမိရပ်ဖများနှင့် သင်းအုပ်ဆရာတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါလွှဲပြောင်းပေးမှုသည် AA အဖွဲ့ က ၎င်းတို့၏ ပထမအသုတ်လွှတ်ပေးမှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ပြန်လွှတ်ပေးခဲ့သူများမှာ စောကိုကိုနိုင် (၅၀ နှစ်)၊ လှမျိုးအောင် (၃၈ နှစ်)၊ ကျော်မျိုးထွန်း(၃၆ နှစ်)၊ သိန်းဇော်ထွန်း (၃၀ နှစ်)၊ သိန်းဟန် (၂၂ နှစ်)၊ ထွန်းလင်းအောင် (၃၃ နှစ်)၊ ဇော်မျိုးသူ (၃၁ နှစ်)၊ ဇော်နိုင်င်ထွန်း ( ၂၈ နှစ်)၊ ဖြိုးမင်းဦး (၂၄ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် AA အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသူများထဲမှ ကျန်ရှိနေသူများအား ဆက်လက်လွှတ်ပေးရန် ရှိနေကြောင်း သိရသည်။နေဝန်းထက်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
