NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုး၏ နုတ်ထွက်လွှာတင်သွင်းမှုကို NLD ပါတီ၏ CEC အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီဖြစ်ပြီး ပေးအပ်ထားခြင်းမရှိသော လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည့် ဗဟိုသုတေသနအဖွဲ့ဝင် ဦးမျိုးရန်နောင်သိန်းကိုလည်း ပါတီတာဝန်များရပ်ဆိုင်းသည့် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
သြဂုတ် ၁၈ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
“ဒါကတော့ပြည်သူတွေရော၊ မီဒီယာတွေရော သိချင်နေကြတဲ့ ဗဟိုသုတေသနအတွင်း ရေးမှူး ဦးမျိုးရန်နောင်သိန်းအပေါ် စစ်ဆေးထားတာအတွက် အစီရင်ခံစာတက်ပါတယ်။ ဒီအစီရင်ခံစာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံအတည်ပြုလိုက်တဲ့အတွက် ဦးမျိုးရန်နောင်သိန်းကို မိမိအားပေးအပ်ထားခြင်းမရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ခြင်းအတွက် ပါတီစည်းကမ်းအရ အရေးယူပြီး ပါတီတာဝန်များကို ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးဖြတ်ချက် တစ်ခုကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးရဲ့ ပါတီမှနုတ်ထွက်လွှာတင် သွင်းထားခြင်းကို အခုအစည်းအဝေးကနေပြီးတော့ လက်ခံအတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယခုပြုလုပ်သည့် အစည်းအဝေးသည် ပါတီ၏ ပုံမှန်လုပ်ဆောင်ချက်များဖြစ်ပြီး ပါတီဝင် လစဉ်ကြေးကိစ္စ၊ ပါတီ၏ ရန်ပုံငွေခွဲဝေသုံးစွဲမှုကိစ္စ၊ သဘာဝပတ်ဝန်းကျင်သင်တန်းပေးရန်နှင့် လူငယ်အဖွဲ့အစည်းကို လေ့လာအစားထိုးရန်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ မျိုးညွန့်ပြောကြားသည်။
ဦးမျိုးရန်နောင်သိန်းအား ပါတီတာဝန်များ ရပ်စဲခြင်းသည် မည်သည့်ကိစ္စများကြောင့်လဲဆိုသည့် မေးမြန်းမှုကို “ဒါ ပါတီတွင်းကိစ္စ တွေကိုတော့ အကျယ်မပြောတော့ပါဘူး။ ပါတီကပေးအပ်ထားခြင်းမရှိတဲ့ လုပ်ငန်းများကို သွားရောက်ဆောင်ရွက်တဲ့အတွက် ဒါလုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်တယ်ဆိုပြီး အရေးယူလိုက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
