ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့၊ အမှတ် ၁၂ ရပ်ကွက်၊ အောင်သစ္စာတိုးချဲ့ရပ်ကွက် အနီးဝန်းကျင်တွင် သြဂုတ် ၁၇ ရက် နံနက်က ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်များကြောင့် အောင်သစ္စာတိုးချဲ့ ရပ်ကွက်အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်များ ကျရောက်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ် အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
“နေအိမ်တစ်လုံးကတော့ တော်တော်ပျက်စီးသွားတယ်။ လက်နက်ကြီးက အိမ်ပေါ်ကိုကျတာ။ အုတ်နံရံတွေပြိုကျတယ်။ လက်နက်ကျတဲ့ဒဏ်ကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု အောင်သစ္စာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ အောင်သစ္စာရပ်ကွက်မှ ဒေသခံများသည် ရပ်ကွက်အတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များ ကျရောက်မှုကြောင့် နေအိမ်များမှ စွန့်ခွာ၍ လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ ချစ်ခြင်းမေတ္တာဂေဟာကနေ လာကြတာပါ။ ကျွန်တော်တို့ဂေဟာရဲ့ မိန်းလမ်းရဲ့ မနီးမဝေးမှာ လက်နက်ကြီးကျည်ဆန်တစ်လုံး ကျတယ်။ ကျွန်တော်တို့လူကြီးတွေအတွက်ကတော့ ဘာမှမဖြစ်ဘူး။ ကလေးတွေအတွက် စိုးရိမ်လို့ ဒီကိုပြေးလာရတာပါ။ တကယ်တမ်း ရွာထဲမှာသာ တိုက်ပွဲတွေဖြစ်ရင် ပစ်ကြခတ်ကြရင် ကလေးဦးရေ ၃၀၀ ဝန်းကျင်နဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ဂေဟာမှာက ဒေသပေါင်းစုံက ကလေးငယ်တွေပါတယ်။ ကလေးတွေကို လားရှိုးမြို့က ကျောင်းတွေမှာ ကျောင်းထားပေးတယ်။ အရင်နှစ်က ၁၀ တန်းအောင်သွားသူတွေရှိတယ်။ လာနေကြတဲ့ကလေးတွေက တချို့မိဘမဲ့တွေပါတယ်။ တချို့မိဘက မတတ်နိုင် လို့လာထားတာတွေပါတယ်။ ဂေဟာမှာ အဓိကလိုအပ်ချက်ကတော့ ဆန်ပေါ့။ အခုတောင် ကလေးတွေအတွက် ဆန်သိပ်မကျန်တော့ဘူး” ဟု ချစ်ခြင်းမေတ္တာဂေဟာမှ ဆရာအောင်ထွန်းဦးက ပြောကြားသည်။
သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ လာရောက်၍ စစ်ဘေးတိမ်းရှောင်သူ ၇၉၁ ဦးရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ပြီး လမ်းခရီးအခြေအနေအရ မပြန်နိုင်သေးဘဲ နေထိုင်နေရသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
“ကျွန်မတို့က မူဆယ်ဘက်ကို ဘုရားဖူးသွားကြတာ။ ရန်ကုန်ဘက်ကနေ လာကြတပါ။ ဂုတ်တွင်းတံတား မိုင်းခွဲခံလိုက်ရလို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာမို့ ကျွန်မတို့ လားရှိုးမန်ဆူကျောင်းမှာ တည်းခိုနေရတာပါ။ ဂုတ်တွင်းတံတားကြီးပေါ် မော်တော်ယာဉ်တွေ ဖြတ်သန်းလို့ရရင်တော့ ပြန်ကြမှာပါ။ တချို့လည်း လေယာဉ်နဲ့ ပြန်နှင့်ကြတယ်။ အခုက လေယာဉ်လက်မှတ်ကလည်း ဝယ်ဖို့သိပ်မလွယ်တော့ဘူး။ ကျွန်မတို့က တိုက်ပွဲဖြစ်တာတွေ သေနတ်သံတွေက အခုမှကြားဖူးတာဆိုတော့ ကြောက်တာပေါ့” ဟု ရန်ကုန်မြို့မှ မူဆယ်ဘက်သို့ သွားရောက်လည်ပတ်ကြသည့် ဘုရားဖူးယာဉ်မှ ဒေါ်စန္ဒာက ပြောကြားသည်။
“လတ်တလောအခြေအနေအရ နယ်မြေလုံခြုံမှုမရှိလို့ မန်ဆူရှမ်းကျောင်းမှာ လာရောက်တိမ်းရှောင်တဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ၊ ဌာနဆိုင်ရာအသီးသီး နဲ့ အလှူရှင်အသီးသီးကနေ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ထောက်ပံ့ပေးရမယ့်သူတွေကို ထောက်ပံ့ပေး လျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ်(မြောက် ပိုင်း) လားရှိုးမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောကြားသည်။
သြဂုတ် ၁၈ ရက်တွင် လားရှိုးမြို့တွင် စျေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီး ပုံမှန်အတိုင်း သွားလာလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
