မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၊ (၃၇) လမ်း နှင့် (၈၄) လမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တို့ အရှိန်လွန် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်ပါ (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့်“မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၁)ရက် ညပိုင်းအချိန်က ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“အဲဒီနားက ခဏ ခဏဖြစ်နေတာ။ လူငယ်လေး နှစ်ဦး ဒဏ်ရာရသွားတယ်။ ဖြစ်ဖြစ်ချင်း သတိမရဘူး။ ကားနဲ့ ဆိုင်ကယ်လည်း တော်တော်ပျက်စီးသွားတာ တွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြေပြင်လိုအပ်သည့် ဆေးကုသမှုများပေးပြီး အသင်းရုံးမှ အရေးပေါ်ကား(၂)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
