ရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်လုပ်ငန်းပမာဏကျယ်ပြန့်၍ နိုင်ငံတော်၏ဘက်ဂျက်အပြင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန်လိုအပ်သဖြင့် နိုင်ငံတော်အဆင့်အလှူငွေလက်ခံခြင်းကို ၃ ကြိမ်ဆောင်ရွက်ခဲ့ရာ အလှူငွေ(၅၃)ဘီလီယံကျော်ရရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄)တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ရေဘေးကြောင့် ယနေ့အထိ ေ-သဆုံးသူဦးရေ ၄၄၄ ဦးရှိခဲ့သည်ဟု ပြောသည်။
” ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တာတွေ စေတနာရှင်၊ အလှူရှင်တွေအားလုံးရဲ့ လှူဒါန်းမှုတွေကို နိုင်ငံတော်အနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုမှတ်တမ်းတင်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့အပြင် တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအနေဖြင့်လည်း သက်ဆိုင်ရာနေရာအသီးသီးသို့သွားရောက်လှူဒါန်းခြင်း၊ ဝိုင်းဝန်းကူညီခြင်းများကိုဆောင်ရွက်ပေးခဲ့ကြကာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်ဟု နစက ဥက္ကဋ္ဌက အသိအမှတ်ပြု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
