အောက်တိုဘာလ (၂၁) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ(၂) သန်းကျော်နှင့် တရုတ်ယွမ်(၁)သန်းခွဲထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ ၃၅၅၆ ကျပ်ဖြင့် ဒေါ်လာ ၂ ဒသမ ၂၀၃ သန်းနှင့် တစ်ယွမ် ၅၂၂ ကျပ်ဖြင့် တရုတ်ယွမ် ၁ ဒသမ ၅၅၅ သန်း ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၁) ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၈၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီး အလားတူ ထိုင်းဘတ် (၅၆၈) သန်းကျော် နှင့် တရုတ်ယွမ် (၃၂) သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အောက်တိုဘာ (၂၀) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
