ဂျေရုဆလင်၊အောက်တိုဘာ ၂၁
အစ္စရေးနှင့်အမေရိကမှ တာဝန်ရှိသူများသည် အစ္စရေး၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ခိုင်မာအားကောင်းလာစေရန်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ အရေးပေါ်အကူအညီအစီအစဉ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
နှစ်ဖက်တာဝန်ရှိသူများသည် အစ္စရေး၏ Iron Dome ဒုံးကျည်ဖျက်စနစ်၊David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် Iron Beam လေဆာကာကွယ်ရေးစနစ်တို့ကို မြှင့်တင်ပေးမည့် အဆိုပါစီမံကိန်းကို စတင်ရန်အတွက် အပြန်အလှန်စာများပေးပို့ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
ယခုစီမံကိန်းသည် အမေရိက၏ အစ္စရေးသို့ကူညီမည့် ဒေါ်လာ ၈ ဒသမ ၇ ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီအစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကျန် ၃ ဒသမ ၅ ဘီလျံမှာမူ စစ်အတွင်းအရေးပေါ်ဝယ်ယူမှုအတွက် အစ္စရေးဘက်ကရရှိပြီးဖြစ်ကြောင်းလည်းသိရသည်။
ဟားမတ်စ်နှင့်အစ္စရေးအကြား ပဋိပက္ခစတင်ဖြစ်ပွားချိန် ယမန်နှစ်အောက်တိုဘာ ၇ ရက်ကတည်းက အမေရိကသည် အစ္စရေးကို လက်နက်များ၊ဗုံးများ၊ခဲယမ်းမီးကျောက်များပေးပို့ခဲ့ကြောင်း အစ္စရေးဘက်မှတရားဝင်ထုတ်ပြန်သော သတင်းများအရသိရသည်။
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ တိုက်ခိုက်မှုများပိုမိုမြင့်တက်လာပြီး အရပ်သားေ-သဆုံးထိခိုက်မှုများလာချိန်တွင်မူ အမေရိက၏ အစ္စရေးသို့စစ်ရေးအကူအညီများသည် ဝေဖန်ခံရစရာကိစ္စများလည်းဖြစ်လာခဲ့သည်။
ဂါဇာကျန်းမာရေးအာဏာပိုင်များ၏ထုတ်ပြန်ကြေငြာချက်အရ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ေ-သဆုံးသူဦးရေသည် ၄၂,၆၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
