အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဒယ်တာမျိုးကွဲ ကူးစက်ပျံ့နှံ့ချိန်ကတည်းက ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူသည့် ကလေးအရေအတွက် မြင့်တက်လာသော်လည်း သက်ဆိုင်သော အချက်အလက်များကို ပထမဆုံးအကြိမ် ကြည့်ရှုမှုမှ သုတေသနလေ့လာမှုအသစ်အရ ယင်းဒယ်တာမျိုးကွဲကြောင့် ကလေးများတွင် ပိုမိုပြင်းထန်ရောဂါအခြေအနေ ဖြစ်ပွားမှု စိုးရိမ်ဖွယ်အခြေအနေ မတွေ့ရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ၂၀၂၁ ခုနှစ် ဇွန် ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း တွေ့ရှိချက်ကို ဖော်ပြထားသည့် စစ်တမ်းအရ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဆယ်ကျော်သက်အရွယ်များသည် ကာကွယ်ဆေးထိုးနှံပြီးသည့် ဆယ်ကျော်သက်များထက် COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှုနှုန်း ၁၀ ဆကျော် ပိုမိုမြင့်တက်နိုင်ဖွယ်ရှိသည်။
၂၀၂ဝခုနှစ် မတ် ၁ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ် ၁၄ ရက်ကြား အမေရိကန်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ရှိသော ဒေသတစ်ဝန်းမှ ဆေးရုံတက်ရောက်မှု မှတ်တမ်းများကို ကျန်းမာရေးအေဂျင်စီက စိစစ်သုံးသပ်ခဲ့သည်။
လသားအရွယ်မှ အသက် ၁၇ နှစ် အရွယ်ကြား COVID-19 ကြောင့် အပတ်စဉ် ဆေးရုံတက်ကုသမှုခံယူသည့် ကလေးအရေအတွက်သည် ဇွန် ၁၂ ရက်မှ ဇူလိုင် ၃ ရက်အတွင်း အနိမ့်ဆုံးဖြစ်ပြီးကလေးဦးရေ တစ်သိန်းတွင် ၀.၃ ရာခိုင်နှုန်းသာရှိ၍ သြဂုတ် ၁၄ ရက်နေ့ ကုန်ဆုံးသည့်သီတင်းပတ်၌မူ ကလေးဦးရေ တစ်သိန်းတွင် ၁.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၄.၇ ဆ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၉ ရက်အထိ သီတင်းပတ်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ကလေးဦးရေသည် လူတစ်သိန်းတွင် ၁.၅ ရာခိုင်နှုန်းရှိပြီး အမေရိကန်သည် ၎င်း၏ဆောင်းရာသီကာလအတွင်း အယ်ဖာမျိုးကွဲကူးစက်ပျံ့နှံ့မှုနှင့် ကြုံတွေ့ခဲ့ရသည်။အကြိုသုတေသနလေ့လာချက်အရ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားအရွယ်နှင့် မွေးကင်းစအရွယ်မှ အသက်လေးနှစ်ကြားအရွယ် ကလေးများသည် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား အရွယ်ကလေးများထက် ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ကုသနိုင်ခြေ ပိုမိုမြင့်မားသည်ဟုဆိုသည်။
CDC က ၂၀၂၁ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း ကလေးသူငယ် COVID-19 ကူးစက်ခံရသူဦးရေ၊ ဆေးရုံတက်ရောက်ရသည့် အခြေအနေနှင့် အရေးပေါ်ဌာနသို့သွားရောက်ရသည့် ကလေးအရေအတွက်ကို ဒုတိယမြောက်သုတေသနပြုလုပ်ခဲ့သည်။
လသားအရွယ်မှ အသက် ၁၇ နှစ်ကြားအရွယ် COVID-19 နှင့် ဆက်နွှယ်၍ ဆေးရုံတက်ရောက်ရသူနှင့် အရေးပေါ်ဌာနသို့ တက်ရောက်သူဦးရေသည် တစ်ဦးချင်းကာကွယ်ဆေးထိုးနှံမှု စုစုပေါင်း၏ အမြင့်ဆုံးအခြေအနေနှင့် နှိုင်းယှဉ်လျှင် အောက်ဆုံးအဆင့်သို့ကျဆင်းခဲ့သည့် အခြေအနေတွင် ၃.၄ဆ နှင့် ၃.၇ ဆ အသီးသီး ပိုမိုမြင့်တက်လာသည်။
အသက် ၁၂ နှစ်အောက်ကလေးများကို ကာကွယ်ဆေးထိုးနှံပေးသင့်၊ မသင့်ခွင့်ပြုချက် စောင့်ဆိုင်းနေရသော်လည်း လူမှုပတ်ဝန်းကျင်အကြား ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်နေခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပြီး ကလေးများကို ကာကွယ်မှုပေးနိုင်သည်ဟု CDC က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
