ကမ္ဘာ့နိုင်ငံအများအပြားတွင် ကပ်ရောဂါအခြေအနေ တည်ငြိမ်လာချိန်တွင်မြောက်အမေရိက၌ ယခုသီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ်မြင့်တက်လာခဲ့ပြီး အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ငါးပုံတစ်ပုံအထိ မြင့်တက်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ်ဦးရေသည် ယခုသီတင်းပတ်အတွင်း ၆၃၉,၃၁၅ ဦးအထိ သုံးရာခိုင်နှုန်း သိသိသာသာလျော့ကျခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် စက်တင်ဘာ ၂ ရက်၌ ဖော်ပြထားသည်။
နိုင်ငံအများစုတွင် ကူးစက်လွှမ်းမိုးနေသော အလွန်ကူးစက်မြန် ဒယ်တာမျိုးကွဲသည် နှစ်လယ်ပိုင်းကတည်းက ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ကပ်ရောဂါအခြေအနေသည် ပိုမိုတည်ငြိမ်လာဖွယ်ရှိသည်။
အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ကပ်ရောဂါအခြေအနေ ဆက်တိုက်ဆိုးရွားလာပြီး ယင်းနိုင်ငံများတွင် ကူးစက်မှုနှုန်း ရှစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။သမုဒ္ဒရာပိုင်းဒေသတွင် ကူးစက်မှုနှုန်း ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
သို့သော် အာဖရိကဒေသတွင် ကူးစက်မှုနှုန်း ၂၆ ရာခိုင်နှုန်းနှင့် လက်တင်အမေရိကတွင် ကူးစက်မှုနှုန်း ၁၇ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ဥရောပတွင် ကူးစက်မှုနှုန်း သုံးရာခိုင်နှုန်း သိသိသာသာကျဆင်းခဲ့ပြီး အာရှနှင့်အရှေ့အလယ်ပိုင်းတွင် နှစ်ရာခိုင်နှုန်းစီ ကျဆင်းခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ကပ်ရောဂါသည် အရှိန်အဟုန်မြင့်စွာ ကူးစက်ပျံ့နှံ့နေပြီး နေ့အလိုက် ကူးစက်မှုနှုန်း ၇၅ ရာခိုင်နှုန်း ကျော်ရှိသည်။နော်ဝေးတွင် နေ့အလိုက်ကူးစက်မှုနှုန်း ၆၉ ရာခိုင်နှုန်းကျော်၊ ရိုမေးနီးယားတွင် ၆၄ ရာခိုင်နှုန်း၊ ဆီးရီးယားနှင့်ယူကရိန်းတို့တွင် ၆၀ ရာခိုင်နှုန်း အသီးသီးရှိသည်။
အခြားတစ်ဖက်၌ အင်ဒိုနီးရှားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၄၂ ရာခိုင်နှုန်းအောက် ကျဆင်းလာပြီး အိုင်ယာလန်တွင် ၃၆ ရာခိုင်နှုန်းနှင့် ကျူဘားတွင် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အမေရိကန်တွင် နေ့အလိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၆,၃၆၇ ဦးနှင့်ဆက်တိုက် စံချိန်သစ်တင်နေပြီး ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အိန္ဒိယတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂,၇၇၂ ဦးနှင့် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဗြိတိန်တွင် နေ့အလိုက်ကူးစက်ခံရသူ ၃၃,၄၅၆ ဦးဖြင့် တစ်ရာခိုင်နှုန်း လျော့ကျခဲ့သည်။
လူဦးရေအပေါ်အခြေခံ၍ ယခုသီတင်းပတ်အတွင်း ကူးစက်ခံရသူအသစ်စံချိန်တင်ခဲ့သည့် နိုင်ငံများမှာ အစ္စရေး(လူတစ်သိန်းတွင် ကူးစက်ခံရသူ ၇၃၁ဦး)၊ ကိုဆိုဗို (လူတစ်သိန်းတွင် ကူးစက်ခံရသူ ၆၄၂ ဦး) နှင့် ဂျော်ဂျီယာ (လူတစ်သိန်းတွင် ကူးစက်ခံရသူ ၆၂ဝဦး)တို့ ဖြစ်သည်။
အမေရိကန်သည် ဗိုင်းရပ်စ်ကြောင့်နေ့အလိုက် သေဆုံးသူ ၁,၁၄၄ ဦးစံချိန်တင်ခဲ့ပြီး ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကန်ပြီးလျှင် ရုရှားကဗိုင်းရပ်စ်ကြောင့် နေ့အလိုက်သေဆုံးသူ ၇၉၆ ဦးဖြင့် တည်ငြိမ်နေသည်။
ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းဗိုင်းရပ်စ်ကြောင့် နေ့အလိုက်သေဆုံးသူဦးရေသည် ၁၀,၀၀၀ အောက်လျော့ကျခဲ့ပြီး လေးရာခိုင်နှုန်းကျဆင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
