ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် လွှတ်တော်အတွင်း ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ကို ကျော်လွှားနိုင်ခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူ များသည် ဘန်ကောက်မြို့တော်၏ သည်းထန် စွာရွာသွန်းနေသည့် မိုးရေများအောက်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။
ဘန်ကောက်မြို့တော်၏အဓိက စျေးဝယ် ခရိုင်တွင် ဆန္ဒပြသူ ၃၀၀ ကျော်သည် မိုးများသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ အနီရောင်အလံများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြသည်။
“အစိုးရအဖွဲ့ နုတ်ထွက်သင့်ပါတယ်။ အခြေအနေတွေသာ ကောင်းနေမယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ဆန္ဒပြနေရမှာလဲ” ဟု အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့ သည်။စုရုံးဆန္ဒပြမှုမတိုင်မီ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများ ချီတက်ရန်စီစဉ်ခဲ့သည့် လုမ္ပနီ ဥယျာဉ်သို့ ရောက်ရှိနိုင်သည့် အဓိကလမ်း ကြောင်းများကို ကွန်တိန်နာသေတ္တာများဖြင့် ပိတ်ဆို့ခဲ့သည်။
စျေးဝယ်ကုန်တိုက်များအနီးရှိ ရက်ချာ ပရာဆွန် လမ်းဆုံတွင် ရေအမြောက်ထရပ် ကားတစ်စီးကို ဖြန့်ကျက်ချထားပြီး ဘန် ကောက်မြို့တော်၏ နေရာအနှံ့တွင် အဓိက ရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက် ချထားခဲ့သည်။
“အစိုးရရဲ့ ကပ်ရောဂါစီမံခန့်ခွဲမှုက အ ရမ်းညံ့ဖျင်းလွန်းပါတယ်။ ကျွန်တော့်အဖေလည်းအလုပ်မရှိတော့ဘူး။ ကျွန်တော့်အမေ လည်း Sinovac ကာကွယ်ဆေးနှစ်လုံးထိုးပြီး ခဲ့တာတောင် ရောဂါကူးစက်ခံခဲ့ရပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းလွှတ်တော်အမတ်များသည် အတိုက်အခံများ တင်သွင်းခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ နှင့် စီးပွားရေးကဏ္ဍအပေါ် အစိုးရ၏ စီမံခန့် ခွဲမှုနှင့်ပတ်သက်ပြီး စွပ်စွဲပြစ်တင်မှုကို ငြင်းခုံ ဆွေးနွေးခဲ့ကြပြီး စက်တင်ဘာ ၄ ရက်က ဝန် ကြီးချုပ်ပရာယွတ်ချန်အိုချာအား အယုံအ ကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုသည် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း တတိယအ ကြိမ်မြောက် မဲခွဲဆုံးဖြတ်မှုဖြစ်ခဲ့သည်။
ပရာယွတ်အား အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်အမတ် ၂၀၈ ဦးက ထောက်ခံမဲပေးခဲ့ကြပြီး လွှတ်တော်အ မတ် ၂၆၄ ဦးက ကန့်ကွက်မဲပေးခဲ့ကြသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီး အနုတင်နှင့် အခြားသောဝန်ကြီးလေးဦးမှာလည်း အယုံအ ကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့ကြသည်။ အတိုက်အခံများအနေဖြင့် ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ရန်အတွက် အမတ်နေရာ ၄၈၂ နေရာရှိသော ပါလီမန်တွင် ထောက်ခံမဲ ၂၄၂ မဲ ရရှိရန် လိုအပ်သည်။
ထိုင်းနိုင်ငံတွင် လူဦးရေစုစုပေါင်း ၆၆ သန်းကျော်အနက် ၁၃ ရာခိုင်နှုန်းခန့်သာ COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံရသေးသည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုစတင် ဖြစ်ပွားခဲ့သော ပြီးခဲ့သည့်နှစ်မှစ၍ ထိုင်း တွင် လူ ၁.၂ သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံ ခဲ့ရပြီး သေဆုံးသူ ၁၂,၁၀၃ ဦးရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
