အထူးတပ်ဖွဲ ့စစ်သားများသည် ဂီနီနိုင်ငံ၏ ကာလရှည်ထမ်းဆောင်ခဲ့သောသမ္မတ အယ်လ်ဖာကွန်ဒေကို သိသိသာသာ ဖယ်ရှားလိုက်ပြီဖြစ်ကာ ၎င်းတို့အနေဖြင့် အစိုးရအဖွဲ ့ကိုလည်းကောင်း၊ ဖွဲ ့စည်းပုံကိုလည်းကောင်း ဖျက်သိမ်းလိုက်ပြီဟု အနောက်အာဖရိက နိုင်ငံကို ပြောကြားခဲ့ပြီး နိုင်ငံ၏ကုန်းလမ်းနှင့် လေကြောင်းနယ်နိမိတ်များကို ပိတ်ထားလိုက်ပြီဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မြို ့တော်ကွန်နာခရီရှိ သမ္မတနန်းတော်အနီးတွင် သေနတ်သံများထွက် ပေါ်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
နာရီပိုင်းအကြာတွင် လူမှုမီဒီယာ၌ မျှဝေထားသောဗီဒီယိုများတွင် အထူးတပ်ဖွဲ ့များ ဝိုင်းထားသည့်အခန်းတစ်ခုအတွင်း သမ္မတကွန်ဒေကိုတွေ ့ရပြီး အဆိုပါဗီဒီယိုများမှန်ကန်ကြောင်း ရိုက်တာသတင်းဌာနက ချက်ချင်းအတည်မပြုနိုင်ပါ။
သမ္မတ ကွန်ဒေသည် အောက်တိုဘာလတွင် တတိယ သက်တမ်းကို အနိုင်ရခဲ့ပြီး အာဏာဆက်လက်ရရှိစေရန် ဖွဲ ့စည်းပုံကိုပြင်ဆင်ခဲ့ပြီးနောက် ယခုအခါ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရှိရသေးပေ။ ၄င်းဖြစ်ရပ်သည် အတိုက်အခံထံမှ အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်စေရန်ဦးတည်စေခဲ့သည်။
မကြာသေးခင် သီတင်းပတ်များတွင် အစိုးရသည် နိုင်ငံတော်ဝင်ငွေကိုဖြည့်တင်းရန် အခွန်များကို သိသိသာသာတိုးမြှင့်ခဲ့ပြီး လောင်စာစျေးနှုန်းများကို နှစ်ဆယ်ရာခိုင်နှုန်းမြှင့်တင်ခဲ့ရာ ကျယ်ကျယ်ပြန် ့ပြန် ့စိတ်ပျက်လက်ပျက်ဖြစ်မှုကိုပေါ် ပေါက်စေခဲ့သည်။
ကုလသမဂ္ဂနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယား က အင်အားသုံးအာဏာလွှဲပြောင်းယူမှု မှန်သမျှကိုပြစ်တင်ရှုံ ့ချနေချိန်တွင် ဆင်းရဲမွဲတေမှုနှင့်နေရာတိုင်းတွင် လာဘ်စားမှုတို ့သည် သမ္မတ ကွန်ဒေကို ဖယ် ရှားရန် ၎င်းတပ်ဖွဲ ့များကို မောင်းနှင်အားဖြစ်စေခဲ့သည်ဟု ဂီနီ ထိပ်တန်းတပ်ဖွဲ ့များ၏ အကြီးအကဲ မာမာဒီဒွန်ဘူယာ က အစိုးရရုပ်သံမှတစ်ဆင့်ပြောကြားခဲ့သည်။
စစ်တပ်အရာရှိများ ဝန်းရံထားကာ မာမာဒီဒွန်ဘူယာကပြောကြားသော မိန် ့ခွန်းတွင် ၎င်းသည် အစိုးရအဖွဲ ့အစည်းများနှင့်ဖွဲ ့စည်းပုံတို ့ကိုဖျက်သိမ်းချင်ကြောင်း ပြောကြားခဲ့ပြီး ဂီနီပြည်သူများက ဖွဲ ့စည်းပုံအသစ်ကို အတူတကွရေးဆွဲရန်တောင်းဆိုခဲ့သည်။
နိုင်ငံ၏ကံကြမ္မာကိုဆုံးဖြတ်ရန် အားလုံးညီညီညွတ် ညွတ်ပူးပေါင်းဆောင်ရွက်ကြရမည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
