အထူးတပ်ဖွဲ့ဝင်များက ဂီနီ၏ကာလရှည်ထမ်းဆောင်ခဲ့သော သမ္မတ အယ်လ်ဖာကွန်ဒေကို ဖယ်ရှားလိုက်ပြီး ၎င်းတို့အနေဖြင့် အစိုးရအဖွဲ့ကိုလည်းကောင်း၊ ဖွဲ့စည်းပုံကိုလည်းကောင်း ဖျက်သိမ်းလိုက်ပြီဟု နိုင်ငံတော်သို့ ပြောကြားခဲ့သည်။ နိုင်ငံ၏ကုန်းလမ်းနှင့် လေကြောင်းနယ်နိမိတ်များကို ပိတ်ထားလိုက်ပြီဟုလည်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မြို့တော် ကွန်နာခရီရှိ သမ္မတနန်းတော်အနီးတွင် သေနတ်သံများ ထွက်ပေါ်ခဲ့ပြီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ နာရီပိုင်းအကြာတွင် လူမှုမီဒီယာ၌ မျှဝေထားသော ဗီဒီယိုများတွင် အထူးတပ်ဖွဲ့များ ၀ိုင်းထားသည့် အခန်းတစ်ခုအတွင်း သမ္မတကွန်ဒေကို တွေ့ရပြီး အဆိုပါ ဗီဒီယိုများ မှန်ကန်ကြောင်း ရိုက်တာ သတင်းဌာနက ချက်ချင်း အတည်မပြုနိုင်ပါ။ ၎င်းအာဏာ ဆက်လက်ရရှိစေမည့် ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ပြီးနောက် ယခုအခါ မည်သည့်နေရာတွင်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသော ကွန်ဒေသည် အောက်တိုဘာတွင် တတိယသက်တမ်းကိုအနိုင်ရခဲ့သည်။ ယင်းသည် အတိုက်အခံထံမှ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် ဦးတည်စေခဲ့သည်။
မကြာသေမီ သီတင်းပတ်များတွင် အစိုးရသည် နိုင်ငံတော်ဝင်ငွေကိုဖြည့်တင်းရန် အခွန်များကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး လောင်စာစျေးနှုန်းများကို ရာခိုင်နှုန်း ၂၀ မြှင့်တင်ခဲ့ရာ လူအများကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။
ကုလသမဂ္ဂနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သော နိုင်ဂျီးယားတို့က အင်အားသုံး အာဏာလွှဲပြောင်းယူမှု မှန်သမျှကို ပြစ်တင်ရှုတ်ချနေချိန်တွင် ဆင်းရဲမွဲတေမှုနှင့် နေရာတိုင်းတွင် ဖြစ်ပေါ်နေသော လာဘ်စားမှုတို့က ကွန်ဒေကို ဖယ်ရှားရန် ၎င်းတပ်ဖွဲ့များကို မောင်းနှင်အား ဖြစ်စေခဲ့သည်ဟု ဂီနီထိပ်တန်းတပ်ဖွဲ့များ၏ အကြီးအကဲ မာမာဒီဒွန်ဘူယာက အစိုးရရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
စစ်တပ်အရာရှိများ ဝန်းရံထားသည့် မာမာဒီဒွန်ဘူယာက ပြောကြားသော မိန့်ခွန်းတွင် ၎င်းသည် အစိုးရအဖွဲ့အစည်းများနှင့် ဖွဲ့စည်းပုံတို့ကို ဖျက်သိမ်းချင်ကြောင်း ပြောကြားခဲ့ပြီး ဂီနီပြည်သူများက ဖွဲ့စည်းပုံအသစ်ကို အတူတကွ ရေးဆွဲရန် တောင်းဆိုခဲ့သည်။ နိုင်ငံ၏ကံကြမ္မာကို ဆုံးဖြတ်ရန် အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင် အထူးတပ်ဖွဲ့ဝင်များက အာဏာသိမ်းယူကာ သမ္မတကို ထိန်းသိမ်းခဲ့ပြီးနောက် စစ်တပ်က အုပ်ချုပ်ရေးမှူးများကို အစားထိုးရုံသာမက နောက်ထပ်ကြေညာချက်မထုတ်မချင်း နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့်လည်း ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရသည် စက်တင်ဘာ ၆ ရက်တွင် ကွန်ဒေအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်လည်းကောင်း၊ အခြားသော ထိပ်တန်းတာဝန်ရှိသူများနှင့် လည်းကောင်း အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရရုပ်သံမှနေ၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး သမ္မတကွန်ဒေကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အာဖရိကသမဂ္ဂဥက္ကဋ္ဌဖြစ်သော ဒီအာကွန်ဂို သမ္မတ ဖဲလစ်ရှီဆက်ကီဒီကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
