ဖြုတ်ချခံခဲ့ရပြီး၂၀၁၁ အုံကြွမှုတွင် သေဆုံးခဲ့သော ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင် မိုအာမာကဒါဖီ၏သား ဆာဒီကဒါဖီကို ထောင်မှ လွှတ်ပေးလိုက်ပြီဟု စက်တင်ဘာ ၅ ရက်တွင် တရားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အေအက်ဖ်ပီ သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။
“ဆာဒီကဒါဖီကို ထောင်ကနေ လွှတ်ပေးလိုက်ပါပြီ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ သို့ရာတွင် ဆာဒီကဒါဖီနိုင်ငံတွင်း၌ ရှိနေဆဲ ဟုတ်မဟုတ်ဆိုသည်ကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။
ကဒါဖီသည် လေယာဉ်ခရီးစဉ်ဖြင့် တူရကီကို ထွက်သွားခဲ့ပြီးဖြစ်သည်ဟု စက်တင်ဘာ ၅ ရက်တွင် မီဒီယာတို့က ဖော်ပြခဲ့ကြသည်။ ကဒါဖီကို လွှတ်ပေးလိုက်ပြီဟု အစိုးရ ရှေ့နေရုံးတွင် အလုပ်လုပ်နေသူတစ်ဦးကလည်း အေအက်ဖ်ပီကို အတည်ပြုခဲ့သည်။
“ လိုအပ်တဲ့အခြေအနေအားလုံး စိတ်ကျေနပ်စရာကောင်းတဲ့အနေအထားဖြစ်တာနဲ ့တစ်ပြိုင်တည်း ဆာဒီကဒါဖီနဲ ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကိုအကောင်အတည်ဖော်ဖို့ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက အစိုးရ ရှေ့နေချုပ်က ပြောထားတာဖြစ်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။ ကဒါဖီသည် လွတ်လွတ်လပ်လပ်နေရန် သို့မဟုတ် လွတ်လွတ်လပ်လပ်ထွက်ခွာရန် ဖြစ်သည်ဟု ဆိုသည်။
အသက် ၄၇ နှစ်ရှိ ကဒါဖီသည် ဖခင်၏ အာဏာရှင်အစိုးရလက်ထက်တွင် ကောင်းဘွိုင်းပုံစံ နေထိုင်ခဲ့သဖြင့် ထင်ရှားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် နေတိုးကျောထောက်နောက်ခံပြုထားသော ပုန်ကန်မှုဖြစ်ပွားအပြီးတွင် သူသည် နိုင်ဂျာနိုင်ငံသို့ ထွက်ပြေးခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် လစ်ဗျားသို့ ပြန်ပို့ခံရသည်။
အီတလီက ကြေးစားဘောလုံးသမားဟောင်း ဆာဒီကို ထရီပိုလီထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ၂၀၀၅ ခုနှစ်တွင် လစ်ဗျားလက်ရွေးစင်အသင်းနည်းပြ ဘာရှာအယ်လ်ရာယာနီကို သတ်ဖြတ်မှုတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
၂၀၁၈ ခုနှစ် ဧပြီလတွင် အယူခံတရားရုံးက ၎င်းကို ရာယာနီ လူသတ်မှုမှ တရားသေလွှတ်ပေးခဲ့သည်။
၂၀၁၁ အုံကြွမှုအပြီးတွင် အာဏာရယူလိုသော အုပ်ချုပ်သူများနှင့် ပြည်သူ့စစ်များကြောင့် လစ်ဗျားနိုင်ငံသည် ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။
၂၀၂၀ အပစ်ရပ်စဲရေးသဘောတူညီချက်သည် ဂိုဏ်းဂဏကွဲမှုဆိုင်ရာ တိုက်ပွဲများကို အဆုံးသတ်စေခဲ့ပြီး ဒီဇင်ဘာတွင်ပြုလုပ်ရန်ရှိသော ရွေးကောက်ပွဲမတိုင်မီ ယခုမတ်လတွင် အသွင်ပြောင်းအစိုးရဖွဲ့စည်းရေးအတွက် လမ်းပွင့်စေခဲ့သည်။
သို့ရာတွင် ရွေးကောက်ပွဲကျင်းပချိန်၊ ရွေးကောက်ပွဲ ပြုလုပ်ရသည့်အကြောင်းရင်း၊ ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းရင်းတို့နှင့် ပတ်သက်၍ အငြင်းပွားနေမှုများက ပြင်ဆင်မှုများကို စွန်းထင်းစေခဲ့သည်။
ဆာဒီသည် ကဒါဖီ၏တတိယမြောက်သား ဖြစ်သည်။ သူသည် လစ်ဗျားဘောလုံးအဖွဲ့ချုပ်၏ အကြီးအကဲဟောင်းလည်း ဖြစ်သည်။ အီတလီဘောလုံးကလပ် ပီရူးဂီယာအသင်းတွင် ကြေးစားဘောလုံးသမားအဖြစ် ကစားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
