Top News

၂၀၂၀ အိုလံပစ် အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲအုပ်စု(ဂ)အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ
24htopnews | October 22, 2024 6:12 PM CST



မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၀ အိုလံပစ် အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲစဉ်များအတွက်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ(၇)ရက်နေ့ မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ ရှိအင်းလျားလိတ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။



ယခုပွဲစဉ်သို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးနည်းပြချုပ် ဦးဝင်းသူမိုးအပါအဝင် အန္ဒိယ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်အသင်းတို့မှ နည်းပြချုပ်များတက်ရောက်ခဲ့ကြသည်။

''ဒီခြေစစ်ပွဲစဉ်မှာတော့ ကျွန်တော်တို့အသင်းက FIFAသတ်မှတ်ချက်အရ လက်ရှိအသင်းတွေထက်Rankမြင့်ပါတယ်။ လက်ရှိမှာ အာရုံစိုက်ထားတာကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ပါပဲ။ ၂၀၂၀ အိုလံပစ် အမျိုးသမီးခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ အနည်းဆုံး တတိယအဆင့်ထိတက်ရောက်နိုင်ဖို့ ရည်မှန်းထားပါတယ်။''ဟု ဦးဝင်းသူမိုးကပြောကြားခဲ့သည်။ ယခုခြေစစ်ပွဲစဉ်သည် အုပ်စုတစ်ခုစီမှ ရမှတ်အများဆုံး တစ်သင်းစီ ခြေစစ်ပွဲဒုတိယအဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။ ခြေစစ်ပွဲစဉ်တြင္မြန်မာအသင်းပါဝင်သော အုပ်စု(ဂ)တွင် နောက်တစ်တက်ရန်အတွက် ရေပန်းအစားဆုံး အသင်းနှစ်သင်းမှာ

မြန်မာအသင်းနှင့်အန္ဒိယအသင်းတို့ဖြစ်ပြီး အန္ဒိယအသင်းအနေဖြင့်လည်း အိမ်ရှင်မြန်မာအသင်းကို အဓိကပြိုင်ဆိုင်ရမည်ဖြစ်သလို နောက်တစ်ဆင့်တက်ရေးအတွက် ရည်မှန်းထားကြောင်း အန္ဒိယအသင်းနည်းပြချုပ် မေမိုလ်က ပြောကြားခဲ့သည်။



၂၀၂၀ အိုလံပစ် အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲ အုပ်စု(ဂ)ပွဲစဉ်များကို နိုဝင်ဘာ(၈)ရက်နေ့တွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ညနေ(၆)နာရီတွင် သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


READ NEXT
Cancel OK