Top News

မန်ယူ၊ အေစီမီလန် စသည့်အသင်းများသို့ အငှားသွားရောက်ကစားမည်မဟုတ်ဟု အီဘရာဟီမိုဗစ် အတည်ပြု
24htopnews | October 22, 2024 6:12 PM CST

မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်း၏ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မိမိအနေဖြင့် ၂၀၁၈ မေဂျာလိဂ်ဘောလုံးရာသီမှာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း အသင်းနှင့်စာချုပ်သက်တမ််းကျန်ရှိ နေသောကြောင့် ရာသီသစ်မစတင်မီကာလအတွင်း မန်ယူ၊ အေစီမီလန် စသည့်အသင်းများသို့ အငှားသွားရောက်ကစားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အသက်(၃၇)နှစ်ရှိပြီဖြစ်သည့် အီဘရာဟီမိုဗစ်အား ယခုရာသီတွင်တိုက်စစ်ပြဿနာနှင့်ကြုံတွေ့နေရ သည့် အသင်းဟောင်းမန်ယူနှင့် အေစီမီလန်တို့က မေဂျာလိဂ်ရပ်နားထားသည့်ကာလတွင် အငှားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းအခြေအနေမှာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ၎င်းက ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉မေဂျာလိဂ်ပြိုင်ပွဲသည် လာမည့်နှစ်၊ မတ်လတွင်မှ စတင်ယှဉ်ပြိုင်မည်ဖြစ်ရာ မေဂျာလိဂ်ဖလား (MLS Cup) ပြိုင်ပွဲဝင်ခွင့်နှင့်ကပ်လွဲချော်ခဲ့သည့် LA ဂလက်ဆီအသင်းမှ ကစားသမားအနေဖြင့် လက်ရှိအချိန်တွင် အားလပ်ရက်ရရှိထားပြီး အသင်းနှင့်ဆွေးနွေးကာ ဥရောပကလပ်များသို့ ကာလတိုအငှားသွားရောက်ကစားရန် အခွင့်အရေးရှိနေသည်။  

အီဘရာဟီမိုဗစ်က '' ကျွန်တော်က လက်ရှိအချိန်မှာ LA ဂလက်ဆီအသင်းနဲ့စာချုပ်သက်တမ်းကျန်ရှိ(၁) နှစ်လောက်ကျန်ရှိနေပါသေးတယ်။ ဥရောပမှာ ကျွန်တော့်ကို ခေါ်ယူချင်တဲ့ကလပ်တွေရှိနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ LA ဂလက်ဆီအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အသင်းနဲ့ ကျွန်တော်တို့ကြားမှာ အောင် မြင်မှုရဖို့ အတူတကွပူးပေါင်းလုပ်ဆောင်ရမယ့်အရာတွေရှိပါတယ်။ အဲဒါကြောင့် LA ဂလက်ဆီအသင်းအတွက်ပဲ အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားပါတယ် '' ဟု ပြောကြားခဲ့သည်။ 

အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့် မတ်လ (၂၃)ရက်တွင် မန်ယူအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် LA ဂလက်ဆီအသင်းအတွက် (၂၇)ပွဲပါဝင်ကစားခဲ့ရာတွင် (၂၂)ဂိုးသွင်းယူခဲ့ကာ (၁ဝဂိုးဖန်တီးပေးနိုင်ခဲ့သောကြောင့် စာချုပ်သစ်ချုုပ်ဆိုရန် ကမ်းလှမ်းခံရဖွယ်ရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK