အမေရိကန်စစ်တပ်က စနိုက်ပါ သေနတ်သမားဟောင်းက ဖလော်ရီဒါ အလယ်ပိုင်းတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် မိခင်လက်ထဲမှ နို့စို့ကလေးတစ်ဦး အပါအဝင် လူလေးဦး သေဆုံးသွားခဲ့သည်ဟု စက်တင်ဘာ ၅ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်ရှိ ဘရိုင်ယန်ရီလေးဆိုသူဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည့် သံသယရှိ သေနတ်သမားသည် ဖလော်ရီဒါပြည်နယ် ပို့လ်ကောင်တီက လူနေရပ်ကွက်တွင် အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး၊ ၃၃ နှစ် အရွယ်ရှိ အမျိုးသမီးနှင့် ၎င်း၏ သုံးလအရွယ်သားလေးတို့ကို ပစ်သတ်ခဲ့သည်ဟု ကောင်တီရဲမှူးဂရက်ဒီဂျတ်က ပြောကြားခဲ့သည်။ စတုတ္ထမြောက်သေဆုံးသူမှာ အသက် ၆၂ နှစ်အရွယ် အဘွားဖြစ်သည်။
ရဲနှင့် အပြင်းအထန် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ချခဲ့သော တစ်ကိုယ်လုံးသံချပ်ကာ ဝတ်စုံဝတ်ဆင်ထားသည့် ရီလေကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှ စစ်ပွဲများတွင် တာဝန်ထမ်းဆောင်ခဲ့သော ရီလေးက ၎င်းသည် သေဘေးမှ လွတ်မြောက်ရှင်သန်ခဲ့သူဖြစ်ပြီး စိတ်ကြွဆေးပြားများ သုံးစွဲထားကြောင်း ရဲကို ပြောပြခဲ့သည်။
“ ကျုပ် ဒီလိုဘာကြောင့် လုပ်သလဲဆိုတာကို ခင်ဗျား သိလား” ဟု သံသယရှိသူက ရဲကိုပြောကြားခဲ့ကြောင်း ဂျတ်က လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ရဲနှင့် အပြန်အလှန်ပစ်ခတ်မှုတွင် ထိ ခိုက်ဒဏ်ရာရခဲ့သော ရီလေးကို ဒေသတွင်းဆေးရုံသို ့အမြန်တင်ခဲ့ရသည်။ ဆေးရုံတွင် ၎င်းသည် ရဲများကို ထပ်မံတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ရီလေးကို စိတ်ငြိမ်ဆေး ထိုးပေးခဲ့ရသည်။
ဆေးဘက်ဆိုင်ရာ အကူအညီရယူခဲ့ပြီးနောက် သံသယရှိသူကို ဒေသတွင်းထောင်သို့ လွှဲပြောင်းပေးခဲ့သည်။ တိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရကြောင်း ဂျတ်က ပြောကြားခဲသည်။ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
