ရန်ကူန်ုတိုင်း ဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးအသိဖြင့် သတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းက ယနေ့ အောက်တိုဘာ (၂၂) ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။
ယမန်နေ့ညက လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေ (၅)ပိဿာပါ သေတ္တာသုံးလုံးကို လူ (၆) ဦးက ေ-သနတ်ဖြင့် ပစ်ခတ်လုယက် ဓ-ားပြတိုက်မှု ဖြစ်စဉ်အပြီး ထိုကဲ့သို့ သတိပေးခြင်း ဖြစ်သည်။
သတိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့်မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်သည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေ သယ်ဆောင်သည့် ကားများတွင် Camera တပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင်လည်း ယမန်နေ့ညပိုင်းကဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က အပူတပြင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
