လာအို-မြန်မာ နှစ်နိုင်ငံအကြား အခြေခံကျသော အလုပ်သမားရေးရာ အခြေခံမူများနှင့် အလေ့အထများ ချမှတ်သွားရန်အတွက် လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ ရက်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် လာအို-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအပြီးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ အရေးပါသော လုပ်အားသယံဇာတဖြစ်ပြီး၊ မူရင်းနိုင်ငံနှင့် လက်ခံသည့်နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုနေသူများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွင် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် နေရာချထားရေး၊ လူမှုဖူလုံရေး၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စသည့် နယ်ပယ်များပါဝင်ကြောင်းလည်း သိရသည်။
ထို့အပြင် “မြန်မာ့အလုပ်သမားရေးရာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ မျှဝေခြင်း” ကဏ္ဍတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်နိုင်ရန် ကိုရီးယား၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားပြီး၊ သံအရာရှိ မရှိသည့် နိုင်ငံများတွင် မြန်မာသံရုံးများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့အပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
