တရုတ်နိုင်ငံမှ လူငယ်တစ်ဦးသည် ၎င်းအလွန်နှစ်သက်သည့် အားကစားသမားတစ်ဦးဖြစ်သည့် ရော်နယ်ဒိုနှင့်တွေ့ဆုံခွင့်ရရန် တရုတ်မှဆော်ဒီအာရေးဗျအထိ စက်ဘီးနင်းပြီးသွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ်စတီယာနိုရော်နယ်ဒိုသည် ကမ္ဘာ့ရေပန်းအစားဆုံး အားကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်း၏ဖန်အချို့ သည်၎င်းနှင့်တွေ့ခွင့်ရရန် အလွန်ဝေးလံသော ခရီးကို သွားရန် ဝန်မလေးကြပေ။
ရော်နယ်ဒို၏ တရုတ်ပရိသတ်တစ်ဦးဖြစ်သည့် အဆိုပါလူငယ်သည် Al-Shabab နှင့် Pro League တို့၏ပွဲစဉ်အပြီးတွင် ပေါ်တူဂီ အကျော်အမော် ဘောလုံးသမား ဒိုလေးနှင့်တွေ့ဆုံရန် ကီလိုမီတာ ၁၃,၀၀၀ ခရီးကို စက်ဘီးနင်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းအတွက် အဆိုပါခရီးသည် ၆ လနှင့် ရက် ၂၀ ကြာခဲ့ကြောင်းသိရကာ ဒိုလေးအားတွေ့ခွင့်ရချင်သော်လည်း လေယာဉ်ခအတွက် ငွေမတတ်နိုင်သဖြင့် ဆော်ဒီသို့ရောက်ရှိရန် ဤနည်းလမ်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါလူငယ်၏ ရည်ရွယ်ချက်ကို ဒိုလေးသိသည့်အခါ ၎င်း၏အိပ်မက်ကိုအကောင်အထည်ဖော်ပေးသည့်အနေဖြင့် လက်ခံတွေ့ဆုံခဲ့ပြီး ဒိုလေးလက်မှတ်ပါ အင်္ကျီနှင့်အတူ ၎င်းနှင့်ဓါတ်ပုံတွဲရိုက်ပြီးအမှတ်တရဖြစ်စေခဲ့ကြောင်းသိရသည်။
Source : ဒေးလီးစပေါ့တ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
