Top News

အာဆင်နယ်နဲ့ နီးလာတဲ့ နေရာဟောင်း
24htopnews | October 22, 2024 8:12 PM CST

ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ အာဆင်နယ်အသင်းအတွက် ဝေးကွာနေတဲ့ နေရာဟောင်းတစ်ခုလို ဖြစ်နေခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဒီနေရာအတွက် အသည်းအသန်ရုန်းကန်ပြီး တိုက်ပွဲဝင်နေရပေမဲ့ တစ်ချိန်တုန်းက အရင်းနှီးဆုံးနေရာ ဖြစ်ခဲ့တာအမှန်ပါပဲ။ နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်တစ်လျှောက်လုံးနီးပါးမှာ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အပိုင်စားသိမ်းပိုက်နိုင်ခဲ့ပြီး အာစင်ဝင်းဂါးနဲ့ လမ်းခွဲခါ နီးမှသာ လွဲချော်မှုတွေ စတင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုမှာ အာဆင်နယ်အသင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိတော့ရုံသာမက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နေရာလုပွဲမှာပါ နောက်ဆုတ်ပေးရတဲ့ အခြေအနေလည်း ဖြစ်လာခဲ့ပါတယ်။ အခုလည်း အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရာသီအဆုံးသတ်ချိန်အထိ အမှတ်လုသွားရမယ့် အလားအလာရှိနေဆဲပါပဲ။ လက်ရှိအချိန်မှာလည်း ထိပ်ဆုံး(၄)သင်းပြင်ပမှာသာ ရှိနေဆဲပါပဲ။ ဒါပေမဲ့ အာတီတာရဲ့ ပရောဂျက်တစ်ခု အောင်မြင်ဖို့က နီးစပ်လာပါတယ်။


READ NEXT
Cancel OK