Top News

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် (ဒုကျော့)နှင့် စပိန်လာလီဂါပွဲကျန်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
24htopnews | October 22, 2024 8:12 PM CST

■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် (ဒုကျော့)

ဗလင်စီယာ - ဘီလ်ဘာအို (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဗလင်စီယာအသင်းက (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို နောက်ဆုံးပွဲမှာ အဆုံးသတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဗလင်စီယာတို့ တိုက်စစ်ပိုင်း ဂိုးခန်းခြောက်မှုပြဿနာကို လွယ်လွယ်နဲ့တော့ ပြင်နိုင်ဦးမယ့်အနေအထား မရှိသေးဘူး။ ပထမအကျော့မှာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ကစားရပြီး ချေပ ဂိုးတောင် ပြန်သွင်းနိုင်ခဲ့တဲ့ ဗလင်စီယာရဲ့စိတ်ဓာတ်ပိုင်းက တော့ အသိအမှတ်ပြုရလိမ့်မယ်။ နောက်ဆုံး(၄)ပွဲဆက်တိုက်  သရေကျထားတဲ့ ဒီ(၂)သင်းတွေ့ဆုံမှုက အခုပွဲမှာလည်း မိနစ် (၉၀)အတွင်း အဖြေပေါ်ဖို့ ခက်ဦးမှာပါ။ ဗလင်စီယာ ပွဲချိန်အ တွင်း ရှုံးဖို့တော့မရှိပါဘူး။

■ စပိန်လာလီဂါပွဲကျန်ပွဲစဉ် 

မာယော့ကာ - ဆိုစီဒက် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဆိုစီဒက်အသင်းက လာလီဂါအဝေးကွင်းပွဲတွေမှာ နိုင်ပွဲ ပျောက်တာ ကြာမြင့်နေပြီး နောက်ဆုံး(၅)ပွဲမှာ သွင်းဂိုးတစ်ဂိုးပဲ ရခဲ့တယ်။ ထိပ်ဆုံး(၄)သင်းစာရင်းထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ အမှားမခံတော့တဲ့ အခြေအနေဖြစ်ပေမဲ့ ဆိုစီဒက်ရဲ့ပုံစံက ယုံ ကြည်မှုလျော့ကျနေသလိုပါပဲ။ မာယော့ကာကတော့ တန်းဆင်း ဇုန်နားကပ်နေတဲ့အသင်းဖြစ်ပေမဲ့ အိမ်ကွင်းမာဂုဏ်ရှိတဲ့ အသင်း ဖြစ်တယ်ဆိုတာ ရလဒ်ပိုင်းတွေက သက်သေပြနေတယ်။ မာ ယော့ကာကိုပဲ ရွေးချယ်ချင်တယ်။


READ NEXT
Cancel OK