ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူ လာပေါ်တာသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ် (၂၆) ဘာစီလိုနာ (၄-ဝ) ဘီလ်အိုပွဲစဉ်အပြီးတွင် အသင်းနည်းပြဖြစ်သူ ဇာဗီအား ဖုန်းမက်ဆေ့ချ်ပေးပို့ကာ ဂုဏ်ပြုစကားဆိုခဲ့ကြောင်းသိရသည်။
ဘာစီလိုနာအသင်းသည် ယခုရာသီအစပိုင်းတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်ခဲ့ရပြီး နည်းပြရော်နယ်လ်ကိုးမန်းအား ရာထူးမှထုတ်ပယ်ပြီးနောက် အသင်း၏ဂန္ထဝင်ကစားသမားဟောင်းဖြစ်သူ ဇာဗီအား နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ဇာဗီအနေဖြင့် ဘာစီလိုနာနည်းပြဘ၀ အစပိုင်းကာလတွင် ရလဒ်မတည်ငြိမ်မှုများနှင့် ဖိအားများခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းကိုရရှိနေပြီး ပြိုင်ပွဲစုံ (၇)ပွဲဆက်ရှုံးပွဲမရှိခဲ့သလို၊ ယခုရာသီတွင်ပထမဆုံးအဖြစ် နောက်ဆုံး (၃)ပွဲဆက်အနိုင်ရရှိပြီး ရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်ခဲ့သည်။
ဘီလ်ဘာအိုအသင်းနှင့်ပွဲအပြီးတွင် လာပေါ်တာက ဇာဗီအား ''ဒါဟာ အောင်မြင်မှုတွေဆီ ချီတက်ဖို့ပါပဲ'' ဟု မက်ဆေ့ချ်ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဇာဗီက ယင်းအကြောင်းအရာအား သူ၏ Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲတွင် ဗလင်စီယာအသင်းအား အဝေးကွင်းတွင် (၄-၁)ဂိုး၊ နာပိုလီအသင်းအား အဝေးကွင်းတွင် (၄-၂)ဂိုးနှင့် ဘီလ်ဘာအိုအသင်းအား အိမ်ကွင်းတွင် (၄-ဝ)ဂိုးတို့ဖြင့်အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် လာလီဂါအမှတ်ပေးဇယား အဆင့် (၄)နေရာ၌ ရပ်တည်နေသလို၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်ထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
