Top News

ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် ဖာဘီယန်ရုဇ်ချိတ်ဆက်နေ
24htopnews | October 22, 2024 8:12 PM CST

နာပိုလီအသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဖာဘီယန်ရုဇ်သည် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် ချိတ်ဆက်လျက်ရှိနေကြောင်း   စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ ဖာဘီယန်ရုဇ်သည် ၂၀၁၈ ခုနှစ်က စပိန်ကလပ်ဘက်တစ်အသင်းမှ စီးရီးအေကလပ် နာပိုလီအသင်းသို့ ယူရိုသန်း (၃၀)ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အီတလီမြေပထမဆုံးရာသီမှာပင် အဓိက ကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ 

အီတလီမြေတွင် (၄)ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် လက်ရှိတွင် ဖာဘီယန်ရုဇ်အနေဖြင့် စပိန်မြေသို့ပြန်ရန် ဆန္ဒရှိနေပြီး ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့်လည်း အသက်အရွယ်ရလာသည့် မိုဒရစ်၊ တိုနီကရို့စ်တို့၏နေရာတွင် ရေရှည်အစားထိုးရန်အတွက် အရည်အသွေးမြင့်ကွင်းလယ်လူများကို ပစ်မှတ်ထားလျက်ရှိနေပြီး ဖာဘီယန်ရုဇ်အား အစောပိုင်းကတည်းက စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

ဖာဘီယန်ရုဇ်အားခေါ်ယူရန်အတွက် ဘာစီလိုနာ၊ အာဆင်နယ်၊ ဂျူဗင်တပ်စ်အစရှိသည့်ဥရောပအသင်းကြီးများကလည်း စိတ်ဝင်စားနေရာ ရီးယဲလ်မက်ဒရစ်အနေဖြင့် အလျင်အမြန်လက်ဦးမှုရယူဖွယ်ရှိနေကြောင်း သိရသည်။

နာပိုလီအသင်းနှင့် ဖာဘီယန်ရုဇ်တို့၏ လက်ရှိစာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၃ ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး နာပိုလီအသင်းအနေဖြင့် ၎င်းတို့၏ အဓိက ကစားသမားအတွက် အနည်းဆုံးယူရိုသန်း (၅၀)ခန့်အလိုရှိနေကြောင်းသိရသည်။

စပိန်လက်ရွေးစင်အသင်းအတွက် (၁၅) ပွဲကစားပေးထားသည့် ဖာဘီယန်ရုဇ်သည် နာပိုလီအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၅၆)ပွဲအထိကစားပေးထားကာ (၂၁)ဂိုးသွင်းယူပေးထားသူဖြစ်သည်။



 


READ NEXT
Cancel OK