လက်ရှိအက်စတွန်ဗီလာအသင်းတွင် အငှားကစားနေသည့် ဘာစီလိုနာအသင်း၏ ဘရာဇီးလ်ကစားသမား ကော်တင်ဟိုက မိမိအနေဖြင့် လီဗာပူးလ်အသင်းမှ ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။
အသက်(၂၉)နှစ်အရွယ်ရှိ ကော်တင်ဟိုသည် မာဆေးလ်ဆိုက်ဒ်ဒေသခံ လီဗာပူးလ်အသင်းတွင် (၅)နှစ်ကြာ ကစားခဲ့သူဖြစ်သည်။
ယင်းနောက်တွင် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့၌ လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၁၀၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
ဘာစီလိုနာကစားသမားဘဝအစပိုင်းတွင် ခြေစွမ်းပြနိုင်သော်လည်း နောက်ပိုင်းတွင် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်ခဲ့ရသည်။
၂၀၁၉-၂၀ ရာသီတွင် ဘိုင်ယန်မြူးနစ်သို့ တစ်ရာသီအငှားကစားခဲ့ပြီး ပြီးခဲ့သည့်လက လီဗာပူးလ်အသင်းဖော်ဟောင်း ဂျရတ် ကိုင်တွင်နေသည့် ဗီလာအသင်းသို့ အငှားဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ကော်တင်ဟိုသည် ဘာစီလိုနာအသင်း၌ကစားသည့် (၄)ရာသီအတွင်း ၁၀၆ ပွဲသာ ကစားခဲ့ရပြီး (၂၆)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
