ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဟော်လန်းအားခေါ်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေကြောင်း ဗြိတိန်အားကစားမီဒီယာ FourFourTwo က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အစောပိုင်းကတည်းက ဟော်လန်းအားခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်သည်။
ထို့ကြောင့် လာမည့်နွေရာသီတွင် ဟော်လန်းအား PSGတိုက်စစ်မှူး ဘာပေနှင့်အတူ ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ လက်ရှိဘဏ္ဍာရေးအခြေအနေအရ ဟော်လန်းနှင့် ဘာပေတို့အား တစ်ပြိုင်နက်ခေါ်ယူနိုင်ရန် အသင့်အနေအထားဖြစ်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ယင်းကစားသမားတစ်ဦးစီအတွက် အနည်းဆုံးယူရိုသန်း (၁၀၀) အသုံးပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘေးလ်၊ အစ္စကို၊ ဟာဇက်၊ မာဆယ်လိုအစရှိသည့် အသင်း၏လစာမြင့်ကစားသမားများနှင့် လာမည့်နွေရာသီတွင် လမ်းခွဲသွားရန် နီးစပ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
