Top News

■ ကိုပါအီတာလီယာဆီမီးဖိုင်နယ်(ပထမအကျော့)၊ ဂျာမန်ဖလား ကွာတားဖိုင်နယ်နှင့် ပြင်သစ်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
24htopnews | October 22, 2024 8:12 PM CST

◘ အေစီမီလန် - အင်တာမီလန်(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂း၃၀ နာရီ)

မီလန်မြို့ခံ(၂)သင်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း ကျဆင်းလာတာတွေ့ရတယ်။ အထူးသဖြင့် အင်တာမီလန်က အေစီမီလန်ထက် အခြေအနေဆိုးနေပြီး (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဂျက်ကို၊ လော်တာရိုမာတီနက်ဇ်၊ အလက်ဆစ်ဆန်းချက်ဇ်တို့ကို အလှည့်ကျသုံးနေတဲ့ တိုက်စစ်ပိုင်းက နောက်ဆုံး(၃)ပွဲဆက် ဂိုးပေါက်ပျောက်ပြီး ရုန်းကန်နေရတဲ့ အခြေအနေပါ။ အေစီမီလန်ကလည်း အင်တာမီလန်နဲ့ သိပ်တော့ မခြားနားပါဘူး။ ဂျရူးက အင်တာမီလန်၊ လာဇီယိုတို့နဲ့ ကစားတဲ့ ပွဲကျပ်(၂)ပွဲဆက် (၂)ဂိုးစီသွင်းယူပြီးနောက်မှာ (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တယ်။ ဒါပေမဲ့ အေစီမီလန်က အင်တာမီလန်ထက် တိုက်စစ်အပြောင်းအလဲ ပိုလုပ်လို့ရတဲ့အနေအထားကို ထည့်တွက်ရမှာပါ။ အေစီမီလန် မရှုံးနိုင်ပါဘူး။

◘ အူန်ယွန်းဘာလင် - ဆန့်ပေါ်လီ(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂း၁၅ နာရီ)

အူန်ယွန်းဘာလင်က နောက်ဆုံးကစားထားတဲ့ပွဲမှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တယ်။ ဘွန်ဒစ်လီဂါမှာ ဥရောပဝင်ခွင့်မျှော်လင့်ချက် ရှိနေဆဲဖြစ်ပေမဲ့ အူန်ယွန်းဘာလင်အတွက် ဂျာမန်ဖလားက ပိုပြီးမက်မောစရာပါ။ အူန်ယွန်းဘာလင် အနိုင်သေချာပါတယ်။

◘ နိုက်စ် - ဗက်ဆိုင်း(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂း၃၀ နာရီ)

စတုတ္ထတန်းကလပ်အသင်းတစ်သင်း ပြင်သစ်ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာမှုက ချီးကျူးလောက်စရာဖြစ်ပေမဲ့ ဖြတ်သန်းခဲ့တဲ့လမ်းကြောင်းမှာ လီဂူး-၂ကို ရောက်နေတဲ့ တူးလူးအသင်းပဲ လောက်လောက်လားလားပြစရာရှိတာက ဗက်ဆိုင်းရဲ့အဆင့်ကို ဖော်ပြနေသလိုပါပဲ။ နိုက်စ်အသင်း အိမ်ကွင်းကစားရမှာဖြစ်တာကြောင့်လည်း ပရိသတ်ကျေနပ်အောင် ကြိုးစားလိမ့်မယ်။ နိုက်စ် ဂိုးပြတ်မှာပါ။


READ NEXT
Cancel OK