◘ ဘန်လေ - လက်စတာ(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂း၁၅ နာရီ)
ဘန်လေအသင်းက အမှတ်ပေးဇယားအောက်ဆုံးကနေ ရုန်းထွက်လာခဲ့သလို၊ ရလဒ်ပိုင်းလည်း အတော်လေးတက်လာတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး (၇)ပွဲမှာ လီဗာပူးလ်တစ်သင်းတည်းကိုသာ အရေးနိမ့်ပြီး အာဆင်နယ်နဲ့ မန်ယူကို သရေ၊ စပါးကို အနိုင်ကစားခဲ့တာက လက်စတာအတွက် အဓိကအဟန့်အတားဖြစ်စေမှာ သေချာပါတယ်။ လက်စတာအသင်းရဲ့ရလဒ်ပိုင်းက ပြောင်းပြန်ဖြစ်နေပြီး အဝေးကွင်း(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားကာ (၄)ပွဲဆက် အရေးနိမ့်ထားတယ်။ စိတ်ဓာတ်တက်နေတဲ့ ဘန်လေအသင်း အမှတ်ထပ်ရသွားနိုင်တယ်။
◘ ပီတာဘရော့ - မန်စီးတီး(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၁း၄၅ နာရီ)
မန်စီးတီးအတွက်တော့ သက်သောင့်သက်သာ ကျော်ဖြတ်သွားမယ့် ပွဲတစ်ပွဲဖြစ်လိမ့်မယ်။ အရမ်းအားကောင်းတဲ့ အ သင်းတစ်သင်း၊ ဥရောပအကောင်းဆုံး စာရင်းဝင်အသင်းတစ်သင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရတယ်ဆိုရင်တောင် ပီတာဘရော့အတွက်တော့ ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်ဘူး။ ဂွါဒီယိုလာ စမ်းသုံးချင်နေတဲ့ လူငယ်ကြယ်ပွင့်တချို့နဲ့ အရန်ခုံထိုင်နေရတဲ့ ကစားသမားတချို့ ပါလာလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီး ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။
◘ ခရစ္စတယ်ပဲလေ့စ် - စတုတ်စီးတီး(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂းဝ၀ နာရီ)
ပရီးမီးယားလိဂ် အသင်းဟောင်းတစ်သင်းဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးတဲ့ စတုတ်စီးတီးက အခုအချိန်မှာတော့ လိဂ်ချန်ပီယံရှစ်မှာတောင် ရလဒ်ကောင်းတွေနဲ့ ဝေးကွာနေတဲ့အသင်းဖြစ်တယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် အခက်အခဲမရှိတဲ့ အသင်းမျိုးဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်နေတဲ့အတွက် ပဲလေ့စ် အနိုင်သေချာပါတယ်။
◘ မစ်ဒယ်ဘရော့ - စပါး(မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၁း၄၅ နာရီ)
မစ်ဒယ်ဘရော့အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက မဆိုးပါဘူး။ လိဂ်ချန်ပီယံရှစ်မှာလည်း နောက်ပိုင်းပွဲရလဒ်တွေက ချီးကျူးရမယ့် အနေအထားရှိတယ်။ စပါးအသင်းကတော့ လက်ရှိအနေအထားအရ မထင်မှတ်တဲ့ရလဒ်တွေ မကြာခဏထွက်ပေါ်နေပြီး ခြေစွမ်းအရလည်း အပြည့်အဝယုံထားလို့မရသေးဘူး။ ဒါပေမဲ့ ဒီပွဲတော့ စပါး နိုင်မှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
