ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်သည် ရုရှားနှင့် ယူကရိန်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကူညီပေးရန် ယူကရိန်းနိုင်ငံ၏ တောင်းဆိုမှုကို လက်ခံခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေသော်လည်း တနင်္လာနေ့က ဘီလာရုစ်နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၌ ရုရှားသမ္မတ ပူတင်နှင့် ရင်းနှီးသူဖြစ်သည့်အပြင် သြဇာကြီးမားသည့် စီးပွားရေးသမားများထဲမှ တစ်ဦးဖြစ်သော အေဘရာမိုဗစ်ချ်ကို ပါဝင်ကူညီပေးရန် ယူကရိန်းနိုင်ငံဘက်မှ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''လက်ရှိပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် ပါဝင်ကူညီပေးဖို့ အေဘရာမိုဗစ်ချ်ကို ယူကရိန်းဘက်က ဆက်သွယ်တောင်းဆိုခဲ့တယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်''ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
နီးစပ်သူများ၏အဆိုအရ ယူကရိန်းဘက်မှ အကူအညီတောင်းခံခဲ့သူများအနက် လက်ခံခဲ့သူမှာ အေဘရာမိုဗစ်ချ်တစ်ဦးတည်းသာရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
