ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းအပေါ် စီမံအုပ်ချုပ်ခွင့်အဝဝကို အသင်း၏ ယုံကြည်စိတ်ချရသည့် ရန်ပုံငွေဖောင်ဒေးရှင်းအဖွဲ့ထံ လွှဲအပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ရန်ပုံငွေဖောင်ဒေးရှင်းအဖွဲ့ကမူ မိမိတို့သည် ယင်းတာဝန်ကို လက်ခံဆောင်ရွက်ရန် သဘောတူညီမှု မရရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ရုရှားလူမျိုးတစ်ဦးဖြစ်ပြီး ယခင်ကတည်းက ဗြိတိန်အစိုးရ၏ ဗီဇာသက်တမ်းတိုးခြင်းကို ငြင်းဆန်ခံရသူဖြစ်ကာ အင်္ဂလန်မှ ထွက်ခွာခဲ့ရသူဖြစ်သည်။
ယခုအချိန်တွင်လည်း သူ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည့် ပူတင်၏ လုပ်ရပ်နှင့် ဆက်စပ်ပြီး အရေးယူပိတ်ဆို့ခံရနိုင်ခြေရှိနေသဖြင့် ချယ်လ်ဆီးအသင်းအပေါ် သက်ရောက်မှုမရှိစေရန် ယင်းကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသင်းပိုင်ရှင်အနေဖြင့်မူ ဆက်ရှိနေမည် ဖြစ်သည်။
သို့ရာတွင် ရန်ပုံငွေဖောင်ဒေးရှင်းအဖွဲ့ဝင်များသည် ယင်းအခြေအနေကို လက်ခံဆောင်ရွက်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲသာဖြစ်ပြီး ယခုအချိန်အထိ ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း၊ အချို့သော အဖွဲ့ဝင်များသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲကိစ္စများအပေါ် စိုးရိမ်နေကြပြီး ရန်ပုံငွေဖောင်ဒေးရှင်းအဖွဲ့ရှေ့နေများအနေဖြင့်လည်း ယင်းကဲ့သို့ ကိစ္စမျိုးကို လက်ခံဆောင်ရွက်ရန် သင့်၊ မသင့် စဉ်းစားနေကြဆဲဖြစ်သည်။
ချယ်လ်ဆီးအသင်းကမူ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယူကရိန်းနိုင်ငံသားများအားလုံးအတွက် စာနာနားလည်ကြောင်း၊ ချယ်လ်ဆီးအသင်း၏ တစ်ဦးချင်းစီတိုင်းက ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးနေကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ယင်းထုတ်ပြန်မှုသည် ယေဘုယျဆန်လွန်းသည်ဟုဆိုကာ ဝေဖန်ပြစ်တင်မှုများလည်းရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
