လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် သမိုင်းဝင် ဖလား(၄)လုံးအောင်မြင်မှုကို ချိန်ရွယ်နေပြီး ယခုရရှိခဲ့သည့် လိဂ်ဖလားချန်ပီယံဆုမှာ အောင်မြင်မှုများ၏ အစသာဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့က ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မိနစ် (၉၀) နှင့် အချိန်ပိုပြီးဆုံးချိန်အထိ ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ (၁၁-၁၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းဆုဖလားမှာ ယာဂန်ကလော့ပ်အတွက် လီဗာပူးလ်နည်းပြဘဝ (၇)နှစ်အတွင်း ပထမဆုံးရရှိသည့် လိဂ်ဖလားချန်ပီယံဆုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ဖလား(၄) လုံးလမ်းကြောင်းပေါ်ရောက်ရှိနေရာ ယာဂန်ကလော့ပ်က ယခုအောင်မြင်မှုမှာ အစသာရှိသေးကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ မိုက်မဲတာမဟုတ်ပါဘူး။ ကံကြမ္မာကောင်းရဖို့တော့ လိုတာပေါ့။ ကြိုးစားရမယ်၊ ရှင်သန်နိုင်ရမယ်။ ဗုဒ္ဓဟူးနေ့မှာလည်း ကျွန်တော်တို့ ထပ်ပြီးကစားရဦးမယ်။ ဒီအခိုက်အတန့်ကိုတော့ ယုံတောင်မယုံနိုင်ပါဘူး။ ဒီရလဒ်ကြောင့် အန်ဖီးလ်ကွင်းမှာ ပိုပြီးလှုပ်ခတ်နေဦးမှာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ပွဲစဉ်တစ်ခုဖြစ်အောင် ပေးစွမ်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဆင်မပြေတာတွေရှိရင်လည်း စိုးရိမ်နေစရာမရှိပါဘူး။ အခုဆိုရင် ကျွန်တော်တို့က အတွေ့အကြုံ တွေပိုများလာပါပြီ။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီအစုအဖွဲ့အတွက် ဒီဆုဖလားက ပထမဆုံး ရရှိတာပါ။ အဲဒီအငွေ့အသက်က အရမ်းထူးခြားပါတယ်။ ပွဲအပြီးမှာ လူတွေနဲ့အတူ အောင်ပွဲခံခွင့်ရတာ အရမ်းကောင်းပါတယ်'' ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ မန်စီးတီးအသင်းကို အမီလိုက်နိုင်သည့် အလားအလာရှိနေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်(၁၆)သင်းအဆင့်၊ FA ဖလားပြိုင်ပွဲတွင် ပဥမအဆင့်သို့ ရောက်ရှိနေသည်။
ထို့ကြောင့် ဖလား(၄)လုံးအောင်ပွဲကို မျှော်လင့်ခွင့် ရှိနေခြင်းဖြစ်ပြီး ယင်းအတွက် လိဂ်ဖလားချန်ပီယံဆုမှာ အရေးပါကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
သို့ သော် ယာဂန်ကလော့ပ်အနေဖြင့် လီဗာပူးလ်နည်းပြဘဝတွင် အခြားဆုဖလားအားလုံး ရယူနိုင်ခဲ့ပြီဖြစ်ပြီး FA ဖလားတစ်မျိုးသာ ကျန်ရှိတော့သည့်အတွက် ယခုရာသီတွင် FA ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါက ပြီးပြည့်စုံသွားမည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။
ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်း၏ နိုင်ပွဲရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
