Top News

မက်ဆီသာ PSG အသင်းမှ ထွက်ခွာပါက ခေါ်ယူရန်အတွက် ဒေးဗစ်ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်း ကြိုးပမ်းနေ
24htopnews | October 22, 2024 8:12 PM CST

နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်ထားသည့် အင်တာမိုင်ယာမီအသင်းသည် မက်ဆီသာ PSG အသင်းမှ ထွက်ခွ မည်ဆိုပါက ခေါ်ယူရန်အတွက် ကြိုးပမ်းသွားမည်ဟု သိရှိရသည်။

မက်ဆီသည် PSG အသင်းတွင် ပုံမှန်ခြေစွမ်းသာ ပြသနိုင်ပြီး ဘာစီလိုနာအသင်းတွင် ပြသခဲ့သည့် စွမ်းဆောင်ရည်မျိုး မပြသနိုင်ဖြစ်နေသူဖြစ်ကာ  အသင်းတွင် မပျော်ရွှင်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဂျော့ချ်မက်စ်က မက်ဆီကို  ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်ပြီး PSG အသင်းနှင့် ပူးတွဲပိုင်ရှင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်တို့၏ ဆက်ဆံရေးကောင်းကြောင့် အောင်မြင်နိုင်ဖွယ်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်သည် PSG အသင်းကစားသမားဘဝတွင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ပြီး သူ၏ အင်တာမိုုင်ယာမီအသင်းသည် မာတွီဒီ၊ ဟီဂွါအင်စသည့် ထိပ်တန်းကစားသမားများကိုလည်း ခေါ်ယူနိုင်ခဲ့ရာ မက်ဆီကိုလည်း ဒေးဗစ်ဘက်ခမ်အနေဖြင့် အသင်းသို့ လာရောက်ကစားရန်ဆွဲဆောင်နိုင်မည်ဟု ဂျော့ချ်မက်စ်က ယုံကြည်နေသည်။ 


READ NEXT
Cancel OK