မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုစတင်နိုင်ခြင်းမရှိသေးသော်လည်း အုပ်စုတွင်းပြိုင်ဘက် စင်ကာပူအသင်းမှာမူ မတ်လအတွင်း နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားသွားရန်စီစဉ်ထားကြောင်း သိရသည်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းမှာ အုပ်စု (F)တွင် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ စင်ကာပူအသင်းတို့ နှင့်အတူ ကျရောက်နေသည်။
စင်ကာပူလက်ရွေးစင်အသင်းသည် လာမည့်မတ် ၂၆ ရက်တွင် မလေးရှားလက်ရွေးစင်အသင်း၊ မတ် ၂၉ ရက်တွင် ဖိလစ်ပိုင်လက်ရွေးစင်အသင်းတို ့နှင့် ခြေစမ်းကစားသွားမည်ဖြစ်သည်။
စင်ကာပူဘောလုံးအဖွဲ ့ချုပ်(FAS) သည် စင်ကာပူလက်ရွေးစင်အသင်း၏ ယင်းခြေစမ်းပွဲနှစ်ပွဲစလုံးကို စင်ကာပူနိုင်တွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။
စင်ကာပူအသင်းသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် နောက်ဆုံးတွေ ့ဆုံထားခဲ့ပြီး ထိုစဉ်က စင်ကာပူအသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရထားသည်။
စင်ကာပူအသင်းသည် အာရှဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၁၉၈၄ ပြိုင်ပွဲတစ်ကြိမ်သာ နောက်ဆုံးအဆင့်သို ့တက်ရောက်ခဲ့ဖူးပြီး ကျန်အကြိမ်များတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို ့ကြောင့် စင်ကာပူဘောလုံးအဖွဲ ့ချုပ်(FAS) သည် ယခုတစ်ကြိမ်ကျင်းပမည့် ၂၀၂၃ အာရှဖလားပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို ့တက်ရောက်ခွင့်ရရှိရန် ပစ်မှတ်ထားကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လအတွင်း ကွန်ကာကပ်ဖ်ဒေသမှ ထရီနီဒက်လက်ရွေးစင်အသင်း၊ အာရှဒေသမှ နီပေါလက်ရွေးစင်အသင်းတို့ နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ကမူ ယင်းသတင်းများကို အတည်မပြုထားသေးပေ။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက်ပိုင်း လေ့ကျင့်မှုရပ်နားထားသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံ(၆) နိုင်ငံကို ထုတ်ပြန်ထားပြီးဖြစ်သည်။
AFC သည် အိမ်ရှင်နိုင်ငံများအဖြစ် အိန္ဒိယ၊ ကူဝိတ်၊ ကာဂျစ္စတန်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို ့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းပါဝင်မည့် အုပ်စု(F) ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဇွန်(၈) ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ ဇွန်(၁၁) ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန်(၁၄) ရက်တွင် စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
