ထိုင်းလိဂ်ပြိုင်ပွဲများ၏ ယခုတစ်ပတ်ပွဲစဉ်များကို ဖေဖော်ဝါရီ(၂၅၊၂၆၊ ၂၇) ရက်များက ဆက်လက်ကျင်းပခဲ့ရာ မြန်မာကစားသမားများအနက် မောင်မောင်လွင်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဇော်မင်းထွန်း၊ ကျော်ကိုကိုမှလွဲ၍ ကျန်ကစားသမားများ ကစားခွင့်ရရှခဲ့ကြောင်း သိရသည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် (၂၅) တွင် မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ ချင်းမိုင်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မောင်မောင်လွင်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သလို ပွဲကစားချိန် (၆၉) မိနစ်တွင် အသင်းအတွက် တတိယဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မောင်မောင်လွင်သည် ရာသီဝက်အပြောင်းအရွှေ့ကာလရောက်မှသာ လမ်ဖွန်အသင်းသို ့ရောက်ရှိခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့် ရရှိနေသလို အသင်းအတွက် (၂) ဂိုးသွင်းယူထားပြီးဖြစ်သည်။
အောင်ကောင်းမာန်၏ အူဒွန်ထာနီအသင်းနှင့် ဆွမ်လမန်၏ ထိုင်းရေတပ်အသင်းတို ့ပွဲတွင် အူဒွန်ထာနီအသင်းက (၁-၀) ဂိုးဖြင့်အနိုင်ရခဲ့သည်။
ယင်းပွဲတွင် အောင်ကောင်းမာန်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး ဆွမ်လမန်မှာမူ ပွဲချိန်(၅၃) မိနစ်ရောက်မှ ဝင်ကစားခွင့်ရခဲ့သည်။
အောင်ကျော်နိုင်၏ ရနောင်းအသင်းမှာ ချိုင်နတ်အသင်းကို (၀-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အောင်ကျော်နိုင်မှာမူ ပွဲထွက်ခွင့်ရခဲ့သည်။
ထိုင်းလိဂ်-၁ တွင် အောင်သူ၏ ဘူရီရမ်အသင်းမှာ နာခွန်ရတ်ချာစီမာကို (၃) ဂိုးပြတ်အနိုင်ရခဲ့သော်လည်း အောင်သူမှာ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှသာ ဝင်ကစားခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
