တောင်ဒဂုံမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ တိုက် (၁၂၃) လုံး ငှားရမ်းနေထိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)ထံမှ သိရသည်။
ယင်းအငှားအိမ်ရာတွင် စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများ ငှားရမ်းခွင့်ပြုလျက်ရှိရာ ပထမအဆင့် တိုက် ၇၃ လုံး၊ ဒုတိယအဆင့် တိုက် ၅၀ လုံးတို့ကို နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တတိယအဆင့် တိုက် ၇၁ လုံး လျာထားခဲ့ပြီး ပြီးစီးမှုအရ အဆင့်ဆင့် နေရာချသွားမည်ဟု ဆိုသည်။
တတိယအဆင့်အတွက် တင်ပြလာသော လျှောက်လွှာများအနက် အချက်အလက် ကိုက်ညီသူများ နှင့် ယခင် မဲ—နှိုက်ခွင့်ရရှိပြီးမဲ—မပေါက်သူများ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများခွဲ၍ အုပ်စုအလိုက် မဲ—နှိုက်ခွင့်ရရှိမည့် တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်စုနှင့် တိုက်များအလိုက် ခွဲဝေပြီး ပြီးစီးသည့်တိုက် ၄၃ လုံးနှင့် စည်းကမ်းပျက်၍ သိမ်းဆည်းထားသည့်အခန်းများနှင့်အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲ–စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် မေလအတွင်း အငှားအိမ်ရာ ဒုတိယအဆင့်မှ တိုက် ၄၈ လုံး၊ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများ ရရှိပြီးဖြစ်သည့်အတွက် နေထိုင်ခွင့်ရှိသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
