မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်အား အောက်တိုဘာ(၂၇)ရက်နေ့မှစ၍ အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည် ဟု ထုတ်ပြန်ထားသည်။
ပြေးဆွဲပေးမည့် အစီအစဉ်အရ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ပြေးဆွဲမည်ဖြစ်ကာ မန္တလေး – ညောင်ဦး – ပုသိမ် – ရန်ကုန် ခရီးစဉ်များကို တနင်္လာနေ့တွင် ပြေးဆွဲပေးမည်ဟု သိရသည်။
ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် နေ့လည်ပိုင်းတွင် ပြေးဆွဲပေးသွားမည်ဟု ဆိုသည်။
ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန် မှ နံနက် (၁၁)နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နေ့လည် (၁၂)နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ နေ့လည် (၁၂)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည်(၂)နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ညောင်ဦးမှ နေ့လည် (၂)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ(၃)နာရီတွင်လည်းကောင်းရောက်ရှိမည် ဖြစ်သည်။
ထိုနည်းတူ မန္တလေး – ညောင်ဦး – ပုသိမ် – ရန်ကုန် ခရီးစဉ်များကို တနင်္လာနေ့တွင် မန္တလေး မှ နေ့လည် (၂)နာရီ (၂၀)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည် (၂)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ (၃)နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၄)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ(၅)နာရီ မိနစ် (၁၀)တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၅)နာရီ (၅၀)မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်ဟု သိရသည်။
ယင်းခရီးစဉ် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန် မှ ပုသိမ်သို့ ငွေကျပ် ၁၆၀၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉၀၀၀၀၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁၀၀၀၀၊ ရန်ကုန် မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀၊ သတ်မှတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
