Top News

တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများပေါ်၌ ကျွန်းတစ်ကျွန်းတွင် ဟိုတယ်တစ်လုံးသာ ခွင့်ပြုမည့် ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညှိနှိုင်းနေ
24htopnews | October 22, 2024 9:12 PM CST

တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများ ပေါ်၌ ကျွန်​းတစ်​ကျွန်​းတွင် ဟိုတယ်​တစ်​လုံး သာခွင်​့ပြုမည့်ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန် တနင်္သာရီတိုင်​း​ဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်​းနေကြောင်း သိရသည်။

ကျွန်းတစ်ကျွန်းတွင် ဟိုတယ်တစ်လုံး သာ တည်ဆောက်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ထုတ်ပြန်သင့်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများ ညှိနှိုင်းစိစစ်ပြီးထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ညွှန်ကြားချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဆောင်သည့်ကော်မတီကို ဖွဲ စည်းကာ ပြီးခဲ့သည့် ၂၀၁၉  ခုနှစ်အတွင်း မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းအချို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး နောက် စစ်ဆေးတွေ့ရှိချက်များကို အစိုးရအဖွဲ့ထံ တင်ပြထားပြီး ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

“အဲဒီဟာက မူဝါဒသ​ဘောနဲ့ဆိုင်​တယ်​​လေ။ အဲဒီလိုမျိုး မူဝါဒချမယ်​ဆိုရင်​ ကျွန်တော်တို့က ပြည်​​ထောင်​စုဝန်ကြီးဌာန​တွေနဲ့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး​​လုပ်​ရတယ်။ ညှိနှိုင်​းပြီးလုပ်​ရတာက ကျွန်တော်တို့ ​မြေပြင်ကိုဆင်​းတယ်​ဆိုရင်​ ​မြေပြင်​က​တွေ့ရှိချက်အ​နေအထား​တွေကိုပဲ ကျွန်တော်တို့​ကော်​မတီ​ပေါ့​နော်​၊ အဖွဲ ့အ​နေနဲ့ ​မြေပြင်​မှာ​တွေ့ရှိချက်တွေ တင်​ပြတယ်​။ ပြည်​​ထောင်​စုဝန်​ကြီးကိုယ်​တိုင်​လည်​း​ မြေပြင်​ဆင်​းတဲ့အနေအထားရှိတယ်​။ အားလုံး​ပေါင်​းစပ်​ပြီး​တော့ ဘယ်​လိုမျိုး လုပ်​သင်​့တယ်​ဆိုတာ ထုတ်​လိမ်​့မယ်​။ ကျွန်းတစ်​ကျွန်​း ဟိုတယ်​တစ်​လုံးဆိုတာက ​ခေါင်းစဉ်​​ပေါ့​။ ကျွန်​းတစ်​ကျွန်​းမှာ ဟိုတယ်တစ်​လုံး သာခွင်​့ပြုမယ်​ဆိုတဲ့ကိစ္စမျိုးကို တိုင်​း​ဒေသကြီးအစိုးရအဖွဲ့နဲ့ညှိနှိုင်​းပြီးမှ ညွှန်​ကြားချက်​ထုတ်​ပြန်​သင့်ရင်​​ ထုတ်​ပြန်​မယ်​၊ မထုတ်​ပြန်​သင်​့ဘူးဆိုရင်​ မထုတ်​ပြန်​ဘူး။အခုက ညှိနှိုင်းနေဆဲပဲ။ တိုင်​းမှာ ကျွန်တော်တို့ ကနဦးညှိနှိုင်း လိုက်​တယ်​။ ပြီးတော့ ပြည်​​ထောင်​စုမှာလည်း ဝန်​ကြီးချုပ်​ကိုယ်​တိုင်​သွားပြီး​တော့ အစည်​းအ​ဝေးသွားလုပ်​တာရှိတယ်​။ ဆက်ပြီးတော့ လည်​းညှိနှိုင်​းရဦးမယ်။ ချက်​ချင်​းညွှန်​ကြားချက်​ ထုတ်​ပြန်​လိုက်​တာမဟုတ်​ဘူး။ ညွှန်ကြားချက်​ထုတ်​ပြန်​သင်​့ရင်​ ထုတ်​ပြန်​လို့ရ​အောင်​ညှိနှိုင်​းတာပါ”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောကြားသည်​။

ကျွန်​းတစ်​ကျွန်​းတွင်​ ဟိုတယ်​တစ်လုံးသာခွင်​့ပြုမည်​ဟုထုတ်​ပြန်​လိုက်​ပါက ပြည်​​ထောင်​စုအဆင့်​၏မူဝါဒအတိုင်​းသာလုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်​း၊ ယင်​းသို ့ထုတ်ပြန်​လိုက်​ပြီး​နောက်​ ကျွန်​းတစ်​ကျွန်​း၌ဟိုတယ်​နှင်​့အပန်​းဖြေစခန်​းတည်​​ဆောက်​ရန်​ ကုမ္ပဏီနှစ်​ခုအပြိုင်​​လျှောက်​ထားလာမှုများရှိပါက​ ​သေချာစိစစ်​မှုများပြုလုပ်​၍ ကုမ္ပဏီတစ်​ခု တည်း​ကိုသာ ချထား​ပေးမှုကဲ့သို့ အ​နေအထား များ ဖြစ်​လာနိုင်​​သော်​လည်​း ညွှန်​ကြားချက် ထုတ်ပြန်​မှုအ​ပေါ်သာ မူတည်​​ကြောင်​း ၎င်းက ဆက်လက်ပြောကြားသည်​။

ယင်​းကိစ္စနှင်​့ပတ်​သက်​၍ တနင်္သာရီ ကမ်​းရိုးတန်​း မြိတ်​ကျွန်​းစုများအတွင်​းမှ ​ကော့​သောင်​းခရိုင်​အတွင်​းရှိ အပန်​းဖြေစခန်​းနှင်​့ ခရီးသွားလုပ်​ငန်​းများ​ ဆောင်​ရွက်​​နေ​သော ကျွန်​းအချို့သို့  ၂၀၁၉ ခုနှစ်​အတွင်​းက  ​ဌာနပေါင်​းစုံပါဝင်​​သော​ကော်​မတီအဖွဲ့ဖြင်​့ သွား​ရောက်​စစ်​​ဆေးခဲ့ပြီး စိစစ်တွေ့ရှိချက်များကို အစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု ကွင်းဆင်း စိစစ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သည့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောကြားသည်​။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်း များပေါ်၌ ကျွန်းတစ်ကျွန်းတွင်ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည် တော်၌ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအနေဖြင့် ညွှန်ကြားချက်ထုတ်ပြန်သင့်ပါက ထုတ်ပြန်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားလာခဲ့ကြောင်း၊ ညွှန်ကြားချက်ထုတ်ပြန် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေး ဦးဆောင်သော ကွင်းဆင်းစိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည်။ လက်ရှိအခြေအနေအရ ကွင်းဆင်းစိစစ်ရေးအဖွဲ့က မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းအချို့ကို သွားရောက်စစ်ဆေးခဲ့ပြီး ကွင်းဆင်းစိစစ်တွေ့ရှိချက်များကို တင်ပြထားပြီး ဖြစ်ကာ ကျွန်းတစ်ကျွန်းတွင် ဟိုတယ်တစ်လုံး သာတည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ကွင်းဆင်းစိစစ်ရေးအ ဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် နှင့် ဒေသခံပြည်သူလူထုများ၏ သဘောထား အပေါ်အခြေခံကာ သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ကျွန်းတစ်ကျွန်းတွင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားထားသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ၌ဖော်ပြထားသည်။

ကမ်းရိုးတန်းအရှည်မိုင် ၁၀၀၀ ကျော် ရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ အကြီးဆုံးဖြစ်သည့် မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းပြည်ပခရီးသွားများအကြား ကျွန်းခရီးစဉ်များနှင့် သဘာဝအတိုင်းတည်ရှိနေ သည့်ကမ်းခြေများအပေါ် စိတ်ဝင်စားမှုမြင့် တက်ခဲ့သည့်အပြင် ခရီးသွားဝင်ရောက်မှုများ လည်း မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြားတွင် ကျွန်းပေါ်၌ အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရန် အပြိုင်အဆိုင်လျှောက်ထားမှုများရှိခဲ့ပြီး ကျွန်းတစ်ခုတည်း၌ကုမ္ပဏီ အများအပြားလျှောက်ထားမှုကြောင့် မြေနေရာချထားမှုအပိုင်းတွင် ပြဿနာများဖြစ်ပွားခဲ့ဖူးသည်ဟု သိရသည်။


READ NEXT
Cancel OK