ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းများတွင် အတိုးနှုန်းသက်သာသောအိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ရသူများကို ဇန်နဝါရီလကုန် တွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နှင်သန်လျင် (သီလဝါ)ရှိ အိမ်ရာစီမံကိန်းများတွင် အခန်း တန်ဖိုး ကျပ် ၆၆ သိန်းမှ သိန်း ၆၀၀ အထိရှိ သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းများကို အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်သာယာမြို့နယ်အတွင်း ရွှေလင်ပန်းအပိုင်း (၂)နှင့် (၃) တွင် အကျယ်အဝန်း စတုရန်းပေ ၄၈၄/၅၂၂/၄၆၈ ရှိသည့်အခန်းများ၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်းတွင် အကျယ်အဝန်းစတုရန်းပေ ၃၂၄ ရှိသည့် အခန်းများ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယုဇနအပိုင်း(၁)၊(၂)၊ကနောင်၊ရိုးမ အိမ်ရာစီမံကိန်းမားတွင် အကျယ်အဝန်းစတုရန်းပေ ၄၈၄/၅၂၂/၄၆၈/၃၂၄ ရှိ သည့် အခန်းများ၊ လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းရှိ အကျယ်အဝန်းစတုရန်းပေ ၈၀၀ ရှိသည့်အခန်းများ၊ ရွှေလင်ပန်း Commercial Aeras ရှိ အကျယ်အဝန်း စတုရန်းပေ ၈၀၀၊ ၉၆၀၊ ၁၁၀၀ ရှိသည့် အ ခန်းများ၊ သန်လျင်မြိုု့နယ်ရှိ သီလဝါအိမ်ရာ စီမံကိန်းတွင် အကျယ်အဝန်းစတုရန်းပေ ၄၀၀/၄၄၀/၃၈၄ ရှိသည့်အိမ်ခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခန်းဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၁၉ ခု နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်ထားရှိပြီး စုဆောင်းငွေ အနည်းဆုံး ကျပ် သိန်း၃၀ ထားရှိရမည်ဖြစ် သည်။
ဝယ်ယူလိုသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်အတွင်း အိမ်ခန်း ဝယ်ယူလိုကြောင်း အမည်စာရင်းလာရောက် ပေးသွင်းရမည်ဖြစ်ကြောင်း၊ အမည်စာရင်း ပေးသွင်းရာ၌ ဘဏ်စာအုပ်မူရင်းနှင့်အတူ မိတ္တူယူဆောင်၍ အမှတ် (၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့ (မြေညီထပ်-Gallery) သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လာရောက်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan (Two-Step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသော JICA, ODA Loan Criteria နှင့်ကိုက်ညီသော အိမ်ရာများအတွက် အိမ်ရာချေးငွေများ ချေးပေးနေ ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်း၊တန် ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတိုက်ခန်းများ ဝယ်ယူသူများကို ချေးငွေထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
“ယခင်က ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ဟာ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရည်မှန်းချက်ထား ဆောင်ရွက်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးချေးငွေ(Construction Loan) နှင့်အိမ်ရာချေးငွေ (Housing Mortgage Loan )လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အိမ်ရာလိုအပ်နေတဲ့ပြည်သူတွေ ကြုံတွေ့နေရတဲ့ငွေကြေးအခက်အခဲကို ပံ့ပိုးကူညီ နိုင်ဖို့အတွက် အိမ်ရာဝယ်ယူလိုသူတွေကို ငွေစုဆောင်းတဲ့ အလေ့အထ ပြုစုပျိုးထောင်ပေးတဲ့ အိမ်ရာစုဆောင်းငွေစာင်းကို စတင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရကအကောင်အထည်ဖော်နေတဲ့အငှားဝန်ထမ်းအိမ် ရာနဲ့အရောင်းဝန်ထမ်းအိမ်ရာတွေ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရတို့က ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဝန်ထမ်းအိမ်ရာ တွေကို အကောင်အထည်ဖော်ဖို့အတွက် PPP စနစ်နဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
လက်ရှိတွင် အဆိုပါဘဏ်ကို နိုင်ငံတော် ၏ စီးပွားရေးမူဝါဒနှင့်အညီ အိမ်ရာကဏ္ဍဖွံ့ဖြိုး ရေးအပြင် နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အား၊လမ်း၊တံတားစသည့် အခြေခံအဆောက်အအုံများအပြင် လူမှုရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး ကိုပါ ဘဏ္ဍာငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဘဏ်၏အမည်ကို Infrastructure ပါ ထည့်သွင်းပြီး ၂၀၁၈ခုနှစ် ဇွန်လ ၁ရရက်တွင် CHD Bank (Construction and Housing Development Bank) မှ CHD Bank (Construction ,Housing and Infrastructure Development Bank) အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
