Top News

တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ခြောက်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော်မြင့်တက်
24htopnews | October 22, 2024 9:12 PM CST

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ခြောက်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေ အနေအရ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာအတွက် ထုတ် ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာထက် အစား အစာအုပ်စု ၆ ဒသမ ၆၅ ရာခိုင်နှုန်း၊ ဆေး လိပ်နှင့် အဖျော်ယမကာအုပ်စု ၇ ဒသမ ၇၉ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၇၅ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၁ ဒသမ ၂၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၉ ဒသမ ၇၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး အုပ်စု ၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ အပန်းဖြေခြင်း နှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၇၃ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၄ ဒသမ ၀၈ ရာခိုင် နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၆ ဒသမ ၃၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၉ ဒသမ ၁၄ ရာခိုင်နှုန်း၊ အစားအစာ မဟုတ် သော အုပ်စု ၁၁ ဒသမ ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင်ကျဆင်းခဲ့သည့် တစ်ခုတည်းသောကဏ္ဍမှာ ဆက်သွယ်ရေး အုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၀ ဒသမ ၅၉ ရာခိုင်နှုန်းတို့ဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၂၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၂၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် နိုဝင်ဘာအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၉၃၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၃ ဒသမ ၄၃ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၂၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နို ဝင်ဘာတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၂၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူ စျေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်း စျေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ အထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့ သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း ကိုလေ့လာပါ က ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်း များကျဆင်းလာခြင်းတို့ကြောင့်စားသုံးသူ စျေးဆနှုန်းမှာ အနည်းငယ် ပြန်လည်ကျဆင်း ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျ ဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်း များမြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေး ဆနှုန်းပြန်လည်မြင့်တက်ခဲ့ရာ နိုဝင်ဘာလ အထိ ဆက်လက်မြင့်တက်နေသည်ကို  တွေ့ရ ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော  စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး သုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တွင် ကျဆင်းနေပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြင့်တက်လျက်ရှိသည်။နှစ်အလိုက် ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကချင်ပြည်နယ်တွင် ၂ ဒသမ ၈၁ ရာ ခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှုဖြစ်ပေါ် ခဲ့သည်။                                   


READ NEXT
Cancel OK