ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏အမှု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်တွင် စစ်ဆေးမှုအားလုံးပြီးဆုံးမည်ဖြစ်ပြီး လက်ရှိတွင် တရားခံပြသက်သေ ၇၅ ရာခိုင်နှုန်း ကျော် စစ်ဆေးပြီးစီးထားကြောင်း သိရသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုသည် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) အရ ဖေဖော်ဝါရီလကုန်တွင် အပြီး သတ်စစ်ဆေးရန်သတ်မှတ်ထားပြီး လက်ရှိ တွင် တရားခံပြသက်သေများအား စစ်ဆေး လျက်ရှိသည်။
“တရားခံပြသက်သေတွေကို စစ်ဆေး နေတယ်။ စစ်ဆေးပြီးတဲ့အခြေအနေကို ရာခိုင် နှုန်းနဲ့ ပြောရရင် ၇၅ ရာခိုင်နှုန်းလောက် ပြီး သွားပြီ။ ဖေဖော်ဝါရီလကုန်ရင်တော့ အားလုံး ကို စစ်ဆေးပြီးလောက်ပါပြီ” ဟု ဖြိုးကိုကိုတင့် ဆန်းဘက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင် ရွက်နေသူ တရားလွှတ်တော်ရှေ့နေဦးအောင် မြင့်က ပြောကြား သည်။
စစ်ဆေးပြီးစီးခဲ့သည့် တရားခံပြသက်သေများသည် အခင်းမဖြစ်ပွားမီက ဖြိုးကိုကို တင့်ဆန်း ပိုင်ဆိုင်သည့် ACE ကုမ္ပဏီတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်ရေးမှူး ဟောင်းများပါဝင်ကြောင်း သိရသည်။
ဦးမြင့်အောင်က “စစ်ဆေးခဲ့တဲ့သူတွေကတော့ ဖြိုးကိုကိုတင့်ဆန်းအနေနဲ့ နေပြည်တော်မှာ နေထိုင်တာမဟုတ်ဘဲနဲ့ ရန်ကုန်မှာပဲနေထိုင်တာတို့။ သေနတ်တို့ ဒရုန်းတို့ကို ဖြိုးကိုကိုတင့်ဆန်းက ကိုင်တွယ်အသုံးပြုနေတာကို သူတို့အနေနဲ့ မမြင်ဘူးလို့ထွက်ဆိုထားကြ တယ်။ ပြီးတော့ ဆက်သွယ်ရေးစက်တွေကလည်း ဆီးဂိမ်းမှာအသုံးပြုခဲ့တုန်းက စက်တွေဆိုတာကို ထွက်ဆိုထားကြတယ်”ဟု ဆိုသည်။
ဖြိုးကိုုကိုတင့်ဆန်း အမှုနှင့်ပတ်သက်၍ တရားခံပြသက်သေအားလုံးစစ်ဆေးပြီးပါက တရားရုံးတော်သို့နှစ်ဖက်ရှေ့နေများမှ နောက် ဆုံးလျှောက်လဲချက်ပေးပြီးနောက် အပြီးသတ် အမိန့်ချမှတ်မည့်အဆင့်သာ ကျန်ရှိတော့ ကြောင်း သိရသည်။
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှ ဖြိုးကိုကိုတင့်ဆန်းအား လက်နက်မှု၊ မူးယစ်မှုများအပါအဝင် ပုဒ်မ ၁၄ ခုဖြင့်တရားစွဲတင်ထား ပြီး ၎င်းနှှင့်ပါဝင်ပတ်သက်သူများကိုလည်း သက်ဆိုင်ရာပုဒ်မများအလိုက် စွဲချက်တင်အ မိန့်ချမှတ်ထားသည်။
မူလတရားရုံးမှ စွဲချက်တင်အမိန့်ချမှတ်ထားသည့်အပေါ် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်မင်းထိုက်၊ သီဟ၊ ရန်အောင်စိုးနှင့် အောင်ခိုင်တို့၏သဘောဆန္ဒအရ စွဲချက်တင် အမိန့်များကို ပြင်ဆင်ပယ်ဖျက်ပေးရန် ပြည် ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်တင်ခဲ့သော်လည်း ပယ်ချကြောင်း အမိန့်ချမှတ်ထားသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော်၌ တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှုနှစ်မှု၊ ရန်ကုန်၌တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ခုနစ်မှု နှင့် တရားခံပြေးမှု လေး မှုအပါအဝင် စုစုပေါင်း ၂၃ မှုရှိသော်လည်း တူညီသည့်ပုဒ်မများကို ပေါင်းစစ်ဆေးရန် အမိန့်ချမှတ်ထားသည့်အတွက် နေပြည်တော်မှ ရာဇသတ်ကြီးပုဒ်မရှစ်ခုနှင့် ရန်ကုန်မှ ရာဇသတ်ကြီးပုဒ်မ ခြောက်မှုရှိပြီး တရားခံပြေးသုံးဦးအား ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
