ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကဦးဆောင်၍ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ကျောင်းသားကျောင်းသူ အားလုံးတန်းတူ အဆောင်နေထိုင်ခွင့်ရရှိရေး တောင်းဆိုခဲ့ပြီး အချက်သုံးချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
တောင်းဆိုမှုကို ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းဝင်းအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားကျောင်းသူများက ကျောင်းသား ကျောင်းသူအားလုံး တန်းတူအဆောင်နေထိုင်ခွင့်ရရှိရေး၊ ကျောင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေး၊ ကျောင်းဆောင် နေထိုင်ခွင့်မရသေးသည့် ကျောင်းသား ကျောင်းသူကို သားသမီးချင်း ကိုယ်ချင်းစာကြ၊ ဘောလီဘောမပုတ်ကြနဲ့၊ အလုပ်လုပ်ကြပါ၊ ကျောင်းသားကျောင်းသူများအပေါ် ခွဲခြား ဆက်ဆံမှု ချက်ချင်းရပ်စသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ တောင်းဆိုခဲ့ကြသည်။
“အဲဒီပြဿနာကနိုင်ငံတစ်ဝှမ်းဖြစ်နေတာ။ အခု အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာ တက္ကသိုလ်မှာ ဖြစ်နေသလိုပေါ့။ သမဂ္ဂ ကျောင်းသားကို ဖိနှိပ်ပြီးတော့လုပ်နေတာ။ကျွန်တေ်တို့က ကျောင်းကနေပြီး အဆည ကိုသွားရင် အဆညက ကျောင်းကမတင်လို့ လို့ပြောတယ်။ ကျောင်းကိုပြန်ရောက်တော့ လည်း အဆညက မကျသေးလို့လို့ပြော တယ်။ ၂၀၁၉ တစ်လပိုင်း ၂၇ ရက်နေ့မှာ ပညာရေးဝန်ကြီးနဲ့ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့နဲ့ ကျွန်တော်တို့ တွေ့ဆုံမှုလုပ်တယ်။ အရင်တုန်းက အဆောင်ကို စည်ပင်သာယာ နယ်နိမိတ်ထဲကလူကို မပေးဘူး။ အဆောင် ရတဲ့သူကိုပဲ ထောက်ပ့ံကြေးသုံးသောင်းပေးတယ်။ ဒါကမမျှတဘူး။ ရန်ကုန်ထဲကလူတွေ က ဝေးတဲ့သူတွေရှိတယ်။ မိဘတွေရဲ့ စီးပွား ရေးမပြေလည်မှုတွေကို ဖြေရှင်းတဲ့အနေနဲ့ ဒီသုံးသောင်းကို ရချင်ကြတယ်။ အဆောင် နေမှရမယ်ဆိုတာက တမင်အဆောင်ကို ဖိ နှိပ်ရေးယန္တရားလို အသုံးပြုပြီးတော့ လုပ်နေ တာ။ ကျောင်းသားတိုင်း တန်းတူအခွင့်အရေး ရရမယ်။ ကျောင်းသားတိုင်း အဆောင်နေထိုင် ခွင့်ရရမယ်။ အဆောင်နေထိုင်ခွင့် စည်းကမ်း ချက်တွေရှိပါတယ်။ စာမေးပွဲကျသွားရင်တော့ အဆောင်ကထွက်ပေးရတာရှိတယ်။ ဝန်ကြီး နဲ့တွေ့တော့ စည် ပင်သာယာနယ်နမိတ်ထဲက ကျောင်းသားတွေပါ အဆောင်လျှောက်ခွင့် ရမယ်လို့ ကတိပေးတယ်။ အခုလည်းရနေပါ ပြီ။ ဒါပေမဲ့ အပြည့်မရသေးဘူး”ဟု ရန်ကုန် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောကြား သည်။
ထို့နောက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာမှုကြောင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက်သုံးချက် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်စည်ပင်နယ်နမိတ်အတွင်းရှိ အဆောင်နေထိုင်ခွင့်မရရှိသော ကျောင်းသား ကျောင်းသူများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှစ၍ ထောက်ပ့ံကြေးသုံးသောင်းပေးအပ် သွားမည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သချင်္ာဘာသာရပ်ဖြင့် စာမေးပွဲကျရှုံးခဲ့ပြီး ပြန်လည်အောင်မြင်သော်လည်း အဆောင် နေထိုင်ခွင့်ပြန်လည်မရရှိသေးသော ကျောင်း သားကျောင်းသူများအတွက် အဆောင်နေ ထိုင်ခွင့် ချက်ချင်းဆောင်ရွက်ပေးသွားမည်။ စာမေးပွဲပြန်လည်အောင်မြင်သည့် ကျောင်း သားကျောင်းသူတိုင်းအတွက် ထောက်ပံ့ကြေး သုံးသောင်းပေးအပ်သွားမည်ဖြစ်ပြီး အ ဆောင်နေရာလစ်လပ်ပါက ညှိနှိုင်း၍အ ဆောင်နေထိုင်ခွင့်ပေးသွားမည် စသည့်အ ချက်သုံးချက် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏တောင်းဆိုမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက လာရောက်ဝန်းရံခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
