ပြည်တွင်းအရက်ချက်လုပ်ငန်းများမှာ နှစ်စဉ်အခွန်ထမ်းဆောင်မှုအဖြစ် ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ တိုးမြှင့်ပေးဆောင်နေသော်လည်း မှောင်ခိုကုန်သွယ်မှုကို တင်းကျပ်ပေးနိုင်စွမ်းမရှိဖြစ်နေသဖြင့် အစိုးရက အရက်၊ ဘီယာ၊ ၀ိုင် စသည့် ယမကာတင်သွင်းမှုများမှ ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံတစ်ပုံခန့်သာ ရရှိနေသည်ဟု မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း MLA က ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပသည့် MLA ရင်ဆိုင်နေရသည့် လတ်တလောစျေးကွက် အခြေအနေများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။
ပြည်တွင်း စျေးကွက်အတွင်း တရားဝင်တင်သွင်းခွင့်ပြုထားသည့် ၀ိုင်ကို မှောင်ခို တင်သွင်းမှုများ ရှိနေသောကြောင့် ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံတစ်ပုံခန့်သာ ရရှိနေပြီး အရက်တင်သွင်းမှု တရားဝင် ခွင့်ပြုထားခြင်းမရှိသော်လည်း တရားမဝင်တင် သွင်းနေမှုကြောင့် နိုင်ငံက အခွန်ရာနှုန်းပြည့် နစ်နာနေရကြောင်းနှင့် ထိုသို့အခွန်ပေးဆောင်ခြင်းမရှိဘဲ မှောင်ခိုတင်သွင်း၍ ရောင်းချနေသူများနှင့် တရားဝင်အခွန်ထမ်းဆောင်ကာ ရောင်းချနေရသူများအကြား မျှတသည့် တန်းတူယှဉ်ပြိုင်မှု (Level Playing Field) ဖန်တီးပေးစေလိုကြောင်း မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများ အသင်းက တောင်းဆိုသည်။
မှောင်ခိုစျေးကွက်အား ကန့်သတ်နိုင်မှုမရှိခြင်းကြောင့် အစိုးရအနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများဆုံးရှုံးနေသည့်အပြင် ပြည်တွင်းပြည်ပမှ ယမကာထုတ်လုပ်သူများမှာလည်း အခွန်ပေးဆောင်ထားခြင်းမရှိသည့် အရက်များကို ယှဉ်ပြိုင်နိုင်မှု အားနည်းနေသည်။
“ကျွန်တော်တို့မြင်ရတဲ့ အဓိကအကြောင်းအရင်းက တင်သွင်းမှုဥပဒေ တင်းကြပ်တဲ့နေရာတွေမှာ တရားမဝင်မှောင်ခိုစျေးကွက်ကို ဟန့်တားနိုင်ခြင်း သိပ်မရှိသေးတာ ကိုတွေ့ရတယ်။ ဒါကြောင့် ၀ိုင်လိုမျိုး မှောင်ခိုစျေးကွက် အခြေအနေကို မဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်တွေကနေတစ်ဆင့် အခွန်အခတွေ မပေးဆောင်ဘဲ မှောင်ခိုတင်သွင်းနေတာတွေ တွေ့နေရပါတယ်။ ထုတ်ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေအားလုံး ကတစ်သမတ်တည်းနဲ့ တန်းတူညီမျှမှုရှိဖို့ လိုအပ်တယ်။ ဒါမှသာ စျေးကွက်အတွင်းမှာ အခွန်ပေးဆောင်တဲ့ ပြည်တွင်းထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေအတွက် မျှတတဲ့ယှဉ်ပြိုင်မှုမျိုးဖြစ်လာပြီး ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်” ဟု MLA ၏ တွဲဖက်အတွင်းရေးမှူး ဦးဝင်းသော်က ပြောကြားသည်။
အဆိုပါအခြေအနေများကြောင့် အစိုးရအနေဖြင့် မှောင်ခိုစျေးကွက်ဖြစ်ထွန်းနေမှုအား ထိထိရောက်ရောက် ကိုယ်တွယ်ဖြေရှင်းစေချင်ပြီး ယမကာလုပ်ငန်းနယ်ပယ်မှ ပြည်တွင်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများနှင့် နိုင်ငံတကာမှ တင်သွင်းရောင်းချသည့် လုပ်ငန်းများကိုပါ အပြန်အလှန် အကျိုးသက်ရောက်စေသည့် အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းကိုလိုက်နာပြီး ထိရောက်သော ယှဉ်ပြိုင်မှုမျိုး ဖြစ်စေလိုသည်ဟု MLA က ဆိုသည်။
ထို့ပြင် MLA အနေဖြင့် နိုင်ငံခြားအရက်များတင်သွင်းခြင်းကို မဆန့်ကျင်သော်လည်း တရားမျှတမှုနှင့် တန်းတူရည်တူယှဉ်ပြိုင်မှု “Level Playing Field”ရှိစေရေး၊ “Grey Market ”ကြောင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အစိုး၏ ဘဏ္ဍာငွေ ကျပ်ဘီလီယံပေါင်းများ စွာဆုံးရှုံးခြင်းအပေါ် အခွန်အခများ မှန်ကန်စွာ ပေးဆောင်ခြင်းမရှိသည့် ယှဉ်ပြိုင်သူများကို ပိုမိုတင်းကြပ်သည့် နည်းဥပဒေများ ချမှတ်ခြင်းဖြင့် ထိန်းချုပ်နိုင်ရေး။ အထူးသဖြင့် ယမကာလုပ်ငန်းနယ်ပယ်တွင် ပိုမိုရှင်းလင်းမြင်သာစွာ အကောင်အထည်ဖော်နိုင်သည့် ပြည်ပသွင်းကုန်တန်ဖိုးဖြတ်ရာတွင် ပိုမိုပြတ်သားရှင်းလင်းသော စည်းမျဉ်းဥပဒေများ တည်ဆောက်နိုင်ရေး၊ လက်ရှိအခွန်စနစ်သည် Single Tier နှင့် Alcohol Base Specific စနစ််တို့အစား မိမိတို့နိုင်ငံနှင့် သင့်လျော်လျက်ရှိနေပြီး ထိုစနစ်ကိုသာ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်သင့်ကာ Single Tier နှင့် Alcohol Base Specific စနစ်တို့သည် စင်ကာပူနိုင်ငံကဲ့သို့ ထုတ်လုပ်မှုမရှိသည့် နိုင်ငံမျိုးတို့တွင်သာ အသုံးပြုလျက်ရှိပြီး အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေသည့် အခွန်စနစ်မျိုးမဟုတ်သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးသဘောသဘာဝရ အနည်းဆုံး 8 Tier စနစ်ကို ထားရှိကျင့်သုံးရန်လိုအပ်သဖြင့် အဆိုပါစနစ်အတိုင်း လုပ်ဆောင်ပေးရေး၊ ပြည်တွင်းထုတ် Made in Maynamr ကုန်ပစ္စည်းအများစုသည် နိုင်ငံတကာ စံချိန်စံနှုန်းမှီသည့် ကုန်ပစ္စည်းများဖြစ် နေပြီဖြစ်သည်ကို ပြည်သူများသိရှိစေရေး စသည့်အချက်များကို အလေးထားလုပ်ဆောင်စေလိုသည်ဟု တာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
