စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဓာတုကင်းလွတ်၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ (၅၇၇)ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးမည့်ဆောင်းသီးနှံများတွင် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း၊ ခရမ်းချဉ်၊ မုံညှင်း၊ ကန့်လန့်၊ ရုံးပတေသီးနှင့် ခဝဲသီး အစရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံ ပါဝင်စိုက်ပျိုးမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ၏ အဆိုအရ သိရသည်။
အဆိုပါ ဒေသအတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ချောင်းရေ၊ မြောင်းရေတင်ကာ စိုက်ပျိုးကြကြောင်းနှင့် လက်ရှိတွင် တောင်သူများအနေဖြင့် ထွန်ယက်ပျိုးထောင်နေကြပြီဖြစ်ကြောင်း သိရသည်။
“တောင်သူတွေ ထွန်ယက်ပျိုးထောင်နေကြပါတယ်။ ထွက်ရှိတဲ့ သီးနှံတွေ ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စိုက်ပျိုးကြဖို့ အသိပညာပေးနေပါတယ်။” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြသည့် တောင်သူများအား မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက GAP(စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ) နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
