ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် ဆေးရုံဆင်းလာသူအားသွားကြိုသည့်ဆိုင်ကယ်နှင့်တွဲကားမျက်နှာချင်းဆိုင်တိုက်မိခဲ့မှု ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာနေ သမီးယောက်ဖတော်စပ်သည့် ကိုအောင်သူနှင့် ကိုနိုင်စိုးတို့သည် တောင်ငူဆေးရုံမှဆင်းလာမည့်ဖခင်ဖြစ်သူအားကြိုရန် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် သစ်တောကျေးရွာရှိ စာသင်ကျောင်းရှေ့အရောက်တွင် ရန်ကုန်ဘက်မှမောင်းနှင်လာသော တွဲကားနှင့်မျက်နှာချင်းဆိုင်ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် ကိုအောင်သူ(၃၅)နှစ်မှာ ဦးခေါင်းဟ-က်တ-က်ကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေ ရာ၌ေ-သဆုံးသွားခဲ့ပြီး ကိုနိုင်စိုး(၃၇)နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူအား ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဆေးကုသမှုခံယူနိုင်ရန် တောင်ငူဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံဝင်းအတွင်းအရောက် ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ေ-သဆုံးသူနှစ်ဦး၏ ရုပ်အလေ-ာင်းများအား ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တောင်ငူဆေးရုံရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
