ဟောင်ကောင်အမျိုးသမီးအသင်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ကစားသမား ၂၂ ဦး ခေါ်ဆောင်လာကြောင်း သိရသည်။
ဟောင်ကောင်အမျိုးသမီးအသင်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကတည်းက ပဏာမကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ယခုအခါ အပြီးသတ်ကစားသမား ၂၂ ဦး ရွေးချယ်ကာ ခေါ်ဆောင်လာခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၂၃၊ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပထမခြေစမ်းပွဲကို အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း၊ ဒုတိယခြေစမ်းပွဲကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ YUSC ကွင်း၌လည်းကောင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ကစားရမည့်ခြေစမ်းပွဲများအတွက် အောက်တိုဘာ ၆ ရက်မှစ၍ ပဏာမကစားသမား ၂၈ ဦးဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မရှိသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်များတွင် နိုင်ငံတကာခြေစမ်းပွဲများ ကစားလျက်ရှိပြီး ဇူလိုင်ဒုတိယပတ်တွင် အိန္ဒိယလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာအသင်းနှင့် အိန္ဒိယအသင်းသည် ဇူလိုင် ၉၊ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမခြေစမ်းပွဲတွင် မြန်မာအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲတွင် တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ပြီးမြန်မာအသင်း က(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
