ပုလောမြို့နယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု ယနေ့နံနက်ပိုင်းအထိ ၁၀ နှစ်အောက်ကလေးငယ် သုံးဦးအပါအဝင် အလောင်းရှစ်လောင်း တွေ့ရှိခဲ့ကြောင်း မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းထံမှ သိရသည်။
ဆယ်ယူရရှိခဲ့သည့် အလောင်းရှစ်လောင်းမှာ အမည်မသိအလောင်းတစ်လောင်းပါဝင်ပြီး အခြားတွေ့ရှိရသည့်အလောင်းများမှာ ၁၆ နှစ်အရွယ် ကျောင်းသူ မဇူလှိုင်လင်း၊
ငါးနှစ်အရွယ် မောင်ဘုန်းကိုကို၊ ခြောက်နှစ်အရွယ် မောင်အောင်ဇွဲ၊ ခုနစ်နှစ်အရွယ် မဇူးဇူးစံ၊ ၁၇ နှစ်အရွယ် မနှင်းအိကျော်၊ ၁၃ နှစ်အရွယ် မောင်စွဲမက်အောင်၊ ၁၅ နှစ်အရွယ် မောင်ကွန်းဆက်အောင် တို့ဖြစ်သည်။
၎င်းတို့မှာ ကျောက္ကာရွာ၊ တိုရွာ၊ ကော့ဒွေးရွာ၊ ပြင်းငယ်ရွာနှင့် ပလမြို့တို့မှ ဖြစ်ကြောင်းသိရသည်။
" ကျန်တဲ့သူတွေကို ထပ်ရှာနေတယ်။ စာရင်းက ၁၇ ယောက်မှာ ရှစ်ယောက်တွေ့ပြီ။ အခု နှစ်ဖွဲ့ခွဲ ရှာနေတယ်" ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်လှေတိမ်းမှောက်ပြီး အောက်တိုဘာ ၂၁ ရက်တွင် အလောင်းရှစ်လောင်းတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂၂ ရက်(နံနက်)အထိ အလောင်းရှစ်လောင်း ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၁၆ လောင်းအထိ ရှိလာပြီဖြစ်သည်။
နစ်မြုပ်ခဲ့သည့် စက်လှေမှာ အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာပြီး ကျောက္ကာကျေးအနီး ကျောက္ကာချောင်းဝ၌ နှစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။
“လှေက ရွာကနေထွက်ပြီး ၁၅ မိနစ်ပဲ ကြာပါသေးတယ်။ အိုဗာဝိတ်ဖြစ်နေတာရယ်၊ လေပြင်းတွေတိုက်၊ လျှပ်စီးလက်ပြီး ရာသီဥတုအနေထားတွေကြောင့် နစ်မြုပ်သွားတာလို့သိရတယ်" ရွှေရောင်နေ့သစ်ပရဟိတအသင်းဥက္ကဌ ကိုအောင်သော်စံက ပြောကြားသည်။
ယင်းစက်လှေတွင် ကုန်ပစ္စည်းအပြည့်နှင့် လူအနည်းဆုံး ၈၀ ကျော် တင်ဆောင်လာကြောင်း၊ သီတင်းကျွတ်ကျောင်းပိတ်ရက်အိမ်ပြန်ပြီး ကျောင်းတက်အမှီပြန်လာသည့် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
