ပုလောမြို့နယ် ကျောက္ကာရွာစက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းထံမှ သိရသည်။
အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီတွင် အလောင်းများကို ထပ်မံဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအသင်းထံမှ သိရသည်။ တွေ့ရှိရသည့်အလောင်းများမှာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းများဖြစ်သည်။
" ဒီမနက် ထပ်တွေ့တာပေါ့။ မနေ့က ရှစ်ယောက်နဲ့ဆို ၁၁ ယောက်ရှိပြီ။ ကျွန်တော်တို့ ရထားတဲ့စာရင်းအရဆို ၁၇ ယောက် ပျောက်နေသေးတယ်။ အခု သုံးယောက်ထပ်တွေ့တော့ ၁၄ ယောက်ကျန်နေတယ်။ အခုထပ်ရှာနေတယ်" ဟုမြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထပ်မံတွေ့ရှိရသည့် ကလေးငယ်အလောင်းများမှာ လေးနှစ်အရွယ် ကလေးငယ်များဖြစ်ပြီး တစ်ဦးမှာ ၁၆ နှစ်အရွယ်ဖြစ်သည်ဟု သိရ သည်။ အောက်တိုဘာ ၂၁ ရက် ညပိုင်းက တနင်္သာရီတိုင်း ဒေသကြီးပုလောမြို့နယ်ကျောက္ကားရွှာမြိတ်မြို့သို့ပြေးဆွဲနေသော စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်းစက်လှေတွင် ကုန်ပစ္စည်းအပြည့်နှင့် လူအနည်းဆုံး ၈၀ ကျော် တင်ဆောင်လာကြောင်း၊ သီတင်းကျွတ်ကျောင်းပိတ်ရက်အိမ်ပြန်ပြီး ကျောင်းတက်အမှီပြန်လာသည့် ကလေးငယ်များလည်းပါဝင် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
