မန္တလေးမြို့ရှိ တရုတ်ကောင်စစ်၀န်ချုပ်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချကြောင်းနှင့် မြန်မာရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားဟု တရုတ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားသည်။
အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Bloomberg သတင်းဌာနက မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး လက်ပစ်ဗုံးဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုအပေါ် အတည်ပြုပေးမေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အဆိုပါတိုက်ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေးပေါ်တုံ့ပြန်မှုယန္တရားကိုလျင်မြန်စွာစတင်ခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ လေးနက်စွာအရေးဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်းထားပြီးဖြစ်ကြောင်း Mr. Lin Jian က ပြောကြားသည်။
ထို့ပြင် အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း၊ မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သောအစီအမံများကို လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ မြန်မာဘက်က ကတိကဝတ်နှင့် နိုင်ငံတကာ တရားဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေးအဓိကတာဝန်ကို လက်တွေ့ကျကျတာဝန်ယူသွားမည်ဖြစ်ကြောင်း၊မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း Mr. Lin Jian က ပြောကြားသည်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် အောက်တိုဘာလ ၁၈ ရက်နေ့ ၅ နာရီဝန်းကျင်တွင်ဖောက်ခွဲရေးတိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ရုံးဆောင်အချို့တဝက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
