ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် မည့် ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည်မဟုတ်ဘဲ လေဖိအားနည်းရပ် ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ် ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန် ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ် အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း တိုတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ် ဝန်းသည်သည် အနောက်-အနောက်မြောက် ဘက်သို ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၂ ရက်တွင် မုန်တိုင်းငယ်အဖြစ် လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားပင် လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို လည်းကောင်း ရောက်ရှိနိုင် ကာ အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယ နိုင်ငံ၊ သြရိဿပြည်နယ်ကမ်းလွန်-အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ)သို ရောက်ရှိနိုင် သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် အောက်တိုဘာ ၂၄ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ် စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်း ရွာပြီး၊ အချိုဒေသများတွင် ဒေသအလိုက် မိုးကြီး ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည် ဟု မိုးဇလက သတိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးေ<ကခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး အဆိုပါဒေသများရှိ ကုန်းမြင့် ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင် ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြို တင်သတိပြုနိုင်ရန် မိုးဇလက သတိပေးထား သည်။
မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦး ဝင်းနိုင်ကလည်း ဆိုင်ကလုန်းမုန်တိုင်းမှာ မြန် မာနိုင်ငံသို ဝင်ရောက်မည်မဟုတ်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောကြားသည်။
“မုန်တိုင်းက အခုလောလောဆယ်မှာ ခုနကပြောတဲ့ ပုသိမ်ရဲ့ အနောက်-အနောက် တောင်ဘက် မိုင်၂၀၀ ကျော်လောက်မှာ ဗဟို ပြုနေတယ်။ အနောက်-အနောက်မြောက် ဘက်ကိုပဲ ဖြတ်ပြီး ရွေ့မယ်။ အိန္ဒိယနိုင်ငံ သြရိ ဿ ပြည်နယ်။ အခုအိန္ဒိယမိုးလေဝသက ထုတ်ပြန်တဲ့ လမ်းကြောင်းအခြေအနေအရ ဆိုရင်လည်း သြရိဿပြည်နယ်နဲ့ အနောက်ဘင်္ဂလားပင်လယ်အတွင်းဘက်ကိုပဲ ဖြတ်ပြီး ရွေ့မယ်။ မြန်မာပြည်ဘက်ကိုတော့ ဦးတည် ရွေ့လျားနိုင်မယ့် အခြေအနေလုံးဝကို မရှိဘူးလို့ ပြောလိုရပါတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။
သို့သော်မြန်မာနိုင်ငံအနေဖြင့် မိုးရွာ သွန်းခြင်းများရှိနေသဖြင့် စပါးများရိတ်သိမ်း ခါနီးဖြစ်သဖြင့် ဆုံးရှုးမှုများရှိနိုင်ကြောင်း၊ ပြီး ခဲ့သည့်လပိုင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံ မှုအခြေအနေများကို ကြုံတွေ့ရမည်မဟုတ် ကြောင်း၊ မိုးထစ်ချုန်းရွာသွန်းမည့်အခြေအနေများကိုသာ ကြုံတွေ့နိုင်ပြီး မြေပြိုခြင်းများ ကို ဂရုပြုသင့်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
