ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်ကစားသမား ကင်မစ်ချ်က လက်ရှိတိုက်စစ်မှူး ဟာရီကိန်းနှင့် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးတို့သည် ကစားဟန်မတူညီသည့်အတွက် နှိုင်းယှဉ်၍ မရနိုင်သည့် ကစားသမားနှစ်ဦးဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်း၏ သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းမှာလည်း လက်ရှိအချိန်၌ အသင်းအတွက် ဂိုးသွင်းစံချိန်သစ်များစွာ ရယူပေးနေသူဖြစ်သည်။
ယခုအခါ လီဝန်ဒေါစကီးက ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးအဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လီဝန်ဒေါစကီးနှင့် ဟာရီကိန်းကို နှိုင်းယှဉ်မေးမြန်းမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။
ယင်းအတွက် ကင်မစ်ချ်က ''ဟာရီကိန်းက အသင်းရဲ့ကစားကွက်ထဲမှာ ပါဝင်ပတ်သက်ရတာကို သဘောကျတဲ့သူပါ။ သူက တစ်ခါတလေ ပေးပို့မှုများစွာကိုလည်း ပြုလုပ်တတ်ပါတယ်။ လီဝန်ဒေါစကီးကတော့ ဂိုးသွင်းဖို့ကိုပဲ ပိုပြီးအာရုံစိုက်ပါတယ်။ နှစ်ဦးစလုံးကတော့ သူတို့ရဲ့အသင်းတွေကို သူတို့ ပုံစံနဲ့သူတို့ အကူအညီအများကြီးပေးကြပါတယ်။ မတူညီတဲ့ ကစားပုံတွေကြောင့် သူတို့ကို တိုက်ရိုက်နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း၏ ၀ါရင့်တိုက်စစ်ကစားသမား ဖြစ်သည့် သောမတ်စ်မူလာကမူ ''လီဝန်ဒေါစကီးက ကျွန်တော်နဲ့ အရှည်ကြာဆုံးတွဲကစားခဲ့ရတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ သူနဲ့ ကွင်းထဲမှာ ထူးခြားတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီဆက်ဆံရေးက ဗုဒ္ဓဟူးနေ့မှာ သက်ဆိုင်မှာ မဟုတ်ပါဘူး။ သူ့ကို ဘောလုံးနဲ့ ဖြတ်ကျော်ခွင့်မပေးပါဘူး''ဟု ပြောကြားခဲ့သည်။
သောမတ်စ်မူလာသည် လီဝန်ဒေါစကီးကို ဂိုးဖန်တီးမှု (၆၄)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် ယခုရာသီတွင် ပြိုင်ပွဲစုံ၌ (၁၄)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသလို၊ ဟာရီကိန်းမှာလည်း ပြိုင်ပွဲစုံ၌ (၁၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည်။
ထို့ကြောင့် ဘာစီလိုနာ နှင့် ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲမှာ ၎င်းတို့နှစ်ဦး အဓိကအားပြိုင်ရမည့်ပွဲ ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ဟာရီကိန်းက လီဝန်ဒေါစကီးနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားသည်ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
